2 3 4 5 6 7 8 9 10

Tuesday, October 18, 2011

အချစ်..မေတ္တာ..ရှေးရေစက်ကံ


လူတိုင်းအချစ်နဲ့  မကင်းနိုင်ကြပါဘူး....အချစ်နဲ့  ဆက်နွယ်ပြီး ..ပူပန်သောကတွေ
..ဝေဒနာ..အလွမ်းအဆွေး..သဝန်တို မှုတွေ နဲ့ အတူ..အမုန်းတရားတွေလည်း
ဆက်စပ်ပေါ်ပေါက်လာတတ်ကြပါတယ်...ခံစားချက်တွေ အမျိုး မျိုး ပေါ်ပေါက်စေတဲ့
အချစ်ဆိုတာ..တကယ်တော့ ပူလောင်လွန်းလှပါတယ်..တစ်ဦးတစ်ယောက်က တစ်ဦးတစ်ယောက်
ကို စွဲလန်းတမ်းတမှု ဖြစ်ပေါ်လာရင်း...ကြည်နူးမျှော်လင့်မှုတွေကနေ..စိတ်ရဲ့ငြိမ်သက်အေးချမ်းမှုတွေ
စတင်ပျက်ပြားလာတတ်ကြတယ်....အချစ်ဆိုတာကို ကျွန်မတော့နားမလည်နိုင်တဲ့ ...မလိုက်နိုင်တဲ့
အတွေးစတစ်ခုဖြစ်တဲ့အတွက်....အချစ်..ဆိုတာထက်..တစ်ဦးတစ်ယောက်ကိုေ
အးချမ်းပျော်ရွင်စေချင်စိတ်..အတတ်နိုင်ဆုံး ဖြည့်ဆည်းမှုပေးချင်တဲ့..တည်တံ့တဲ့ ချစ်မေတ္တာအကြောင်း
 ဖတ်ခဲ့ တွေးခဲ့မိတာလေးတွေကို ကမ္ဘ္ဘာသစ်သူငယ်ချင်းတွေ အတွက် အမှတ်တရ 
ရေးသားဖော်ပြချင်ပါတယ်...အဓိက ကတော့ မိန်းကလေးတွေ ရဲ့  မေတ္တာစိတ်ပေါ့..
မိန်းကလေးတွေ ရဲ့ အချစ်..မေတ္တာနဲ့  ပတ်သက်ပြီး ရာဇဝင်ထဲက မိန်းကလေးတစ်ယောက်ရဲ့ 
 မေတ္တာတရားကြီးမားမှုပေါ်လွင်စေတဲ့ အဖြစ်လေးတစ်ခုကို သွားသတိရမိပါတယ်.....အားလုံး
 ကြားဖူးကြပြီးသား သုမေဓာရှင်ရသေ့ ဝတ္တုလေးပါ....
ဒီပင်္ကရာ မြတ်စွာဘုရား ရှင်ကြွလာမယ့်လမ်းမှာ...လုပ်အားပေးရင်း ဘုရားကြွလာတော့ တာဝန်ယူထားတဲ့ မြေကွက်က မပြီးသေးတာနဲ့  သုမေဓာ ရှင်ရသေ့ဟာ သူ့  ခန္ဓာကို တံတား အဖြစ်ခင်းပေးခဲ့တယ်...

ဒါက အားလုံးသိပြီးသား အဖြစ်လေးပါ..အဲဒီအချိန်လေးမှာပဲ..သုမိတ္တာဆိုတဲ့အမျိုးသမီးလေးက..ရသေ့ကိုမြင်မြင်ချင်း မေတ္တာသက်ဝင်သွားတယ်တဲ့..လက်ထဲမှာ ဒီပင်္ကရာ မြတ်စွာဘုရားကို ကပ်ဖို့ ..ကြာပန်း 
ရှစ်ခိုင်ကိုကိုင်ထားတယ်..



..မြင်မြင်ချင်း မေတ္တာသက်ဝင်စိတ်ဖြစ်မိတဲ့အခါ..လက်ထဲက ကြာပန်း ရှစ်ခိုင်ထဲက ငါးခိုင်ကို ခွဲထုတ်ပြီး သုမေဓာရှင်ရသေ့ကို 'ဒီကြာပန်းလေး မြတ်စွာဘုရားကို လှူလိုက်ပါနော် ' ...လို့ ပေးလိုက်ပြီး ...

သူက သုံးခိုင်ပဲ ယူထားပါတယ်တဲ့..သူ့ ရဲ့  တင်္ဒဂအတွင်းပေါ်ပေါက်လာတဲ့ မေတ္တာ တရားကြီးမားမှု 
ကိုမြင်ရတာပေါ့နော်...ပြီးတော့ ..ဒီဘဝမှာ ရသေ့ဖြစ်နေတဲ့အတွက်..နောက်ဘဝတွေမှာ ဆုံဆည်းပြီး 
ပါရမီဖြည့်ဖို့  ဆုပန်ခဲ့တယ်...ဒီအဖြစ်လေးမှာ...ဘုရားရှင်ကို လှူဒါန်းဖို သူ့ အတွက် ကြာပန်း၃ခိုင်ပဲ
ချန်ထားပြီး သုမေဓာရှင်ရသေ့ကို ၅ခိုင်
ပေးခဲ့တဲ့ သုမိတ္တာရဲ့ မေတ္တာလေးက ပေါ်လွင်လှပါတယ်....နောက်ဘဝအဆက်ဆက်အတွက်..

အရှင်ရသေ့ပါရမီဖြည့်သမျှ ကာလပတ်လုံး အရှင်ရသေ့ နဲ့ အတူတကွ ပါရမီဖြည့်ဖက် ဖြစ်ရပါလို၏လို့ ဆုတောင်းခဲ့တယ်..သံသရာတစ်လျှောက်လုံး ချစ်နိုင်တဲ့ မေတ္တာရှင်အနေနဲ့ ပေါ့...

....သံသရာမှာ..ပါရမီဖြည့်ဖက်အဖြစ်..ကျင်လည်ရင်း..ဒါနတွေပြု..သီလတွေဆောက်တည်..
သမထတွေပွားများ.နဲ့ ..နောက်ဆုံးဘဝမှာ..ဝိပသနာတရားပွားများအားထုတ်ရင်း အရဟတ္တမဂ်
အရဟတ္တဖိုလ် ရသွားတဲ့ အဖြစ်လေးပါ......မြတ်စွာဘုရားကို ဆုပန်တဲ့အခါ..ယောကျားအဖြစ်
ဆုပန်ရင်း..တရားထူးတရားမြတ်ရအောင်ကျင့်ကြံပြီး နိဗ္ဗာန်ကို အရောက်လှမ်းနိုင်ပေမယ့်...
ပါရမီဖြည့်ဖက်အဖြစ်သာ ဆုပန်ခဲ့တဲ့ သူ....

မိန်းကလေးတွေ ရဲ့ မေတ္တာတရားကြီးမားပုံ သိသာတဲ့သာဓကတွေ အများကြီးပါပဲ..မိန်းမသားဘဝမှာ
သံယောဇဉ်တွေ တွယ်တာမှုတွေ..များပြားလှပါတယ်...တစ်ဦးတစ်ယောက်ကို မေတ္တာစိတ်သက်ဝင်
မိပြီဆိုကတည်းက သူ့ ဘဝ..သူ့ အတွေး တွေ..အားလုံးဟာ တစ်ဦးတစ်ယောက်တည်းမှာပဲ
ရှိပါတော့တယ်..အိမ်ထောင်ရက်သားကျသွားတဲ့အခါမှာလည်း ခင်ပွန်းသည်ကို မယားဝတ္တရား
၅ ပါးနဲ့  တာဝန်ကျေအောင် ကြိုးစားကြတယ်..သားသမီး ဆိုတဲ့ သံယောဇဉ်ကြိုးတွေ တိုးလာတော့လည်းသားသမီးတွေ မှန်ကန်စွာ ကြီးပြင်းရင့်ကျက်ဖို့ ...ပြုစုပျိုးထောင်ရင်း သူ့ ဘဝဟာ...အချိန်ပြည့်
တာဝန်ကျေတဲ့ မိခင်ကောင်း ဖြစ်လာပြန်ပါတယ်..သားသမီးကနေ မြေးမြစ်တွေ တိုးပွားလာပြန်တော့.
.မြေးလေးတွေ အတွက် ထိန်းကျောင်းရင်း အရိပ်တကြည့်ကြည့် ပြုစုယုယတတ်တဲ့ ဖွားဖွားဖြစ်လာပါတော့တယ်...သူ့ ဘဝမှာ မေတ္တာဆိုတဲ့ နယ်ပယ်ထဲ ရောက်ကတည်းက သူ ဆိုတာပျောက်သွားခဲ့တယ်....
ဦးစားပေးစာရင်းတွေ သာတိုးလာပေမယ့် ..သူ့ အတွက်ကတော့ နောက်ဆုံးကရေ ရင် နံပါတ်တစ်ပါ...

မေတ္တာဆိုတာဟာလည်း အသွားအပြန် ရှိတတ်ကြပေမယ့်....ကွဲပြားခြားနားတဲ့ အဖြစ်ကလေးတွေလည်း
 ရှိတတ်ကြပါတယ်..ဆုံဆည်းဖို့  အကြောင်းဖန်လာတတ်သလို ကွဲကွာဖို့ အကြောင်းလည်းဖန်တီးလာတတ်ပါတယ်...ချစ်ရသူနဲ့  ဆုံဆည်းကြတဲ့အခါမှာ ပျော်ရွှင်ကြည်နှုးကြရတယ်...အကြောင်းအမျိုးမျိုးနဲ့ 
ကွဲကွာကြတဲ့ အခါ..ခွဲသွားကြတဲ့ အခါ ငိုကြွေးပူဆွေးကြရပြန်ပါတယ်...ဘယ်သူပဲ ဖြေသိမ့်ဖြေသိမ့် ..
.ကြေကွဲမှုတွေက ..အချိန်တိုအတွင်း ပျောက်ကွယ်သွားဖို့ ခက်ခဲလှပါတယ်...ဒီလိုအဖြစ်တွေကြုံရတဲ့
အခါ ပူလောင်ပြင်းပြလွန်းတဲ့ ..ဆိုးဝါးတဲ့ ဝေဒနာကို ခံစားကြရတာ ..ကြုံဖူးကြသူတိုင်း သိကြမှာပါ....
ခွဲခွာရခြင်းတွေဟာ အကျိုးဆက်တစ်ခုကနေ ပေါ်ပေါက်လာတတ်တာကို တွေးမိခဲ့တဲ့..အဖြစ်အပျက်လေး တစ်ခုကို ဖတ်ခဲ့ရတယ်....

၃နှစ်တာ ချစ်သူတွေ အဖြစ်ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ပြီး ..လက်ထပ်ဖို့ စီစဉ်နေတဲ့ အချိန်မှာ
မိန်းကလေး ဖြစ်တဲ့သူက အခြား ယောကျာ်းလေး တစ်ယောက် နဲ့ ဆုံတွေ့ ချစ်ကြိုက်ပြီး..နောက်ဆုံး
လက်ထပ်သွားခဲ့တယ်..ကျန်ရစ်ခဲ့တဲ့ ကောင်လေးခမြာ မယုံကြည်နိုင်မှုတွေ ပူဆွေးသောကတွေ.
.ကောင်မလေးကို မေ့မရ တမ်းတတဲ့ စိတ်တွေနဲ့  ..မကျန်းမမာ ဖြစ်ခဲ့ရာကနေ အိပ်ရာထဲက 
မထနိုင်တော့တဲ့အထိ ဝေဒနာကို ခံစားရပါတော့တယ်..အတော်ဆုံး ဆေးဆရာတွေတောင်
လက်လျော့ရတဲ့ အဖြစ်ထိ ရောက်ခဲ့ရတယ်...တစ်နေ့ တော့ ဘုန်းတော်ကြီး တစ်ပါးက ကောင်လေး
အိမ်ရှေ့ ကို ကြွလာရင်းက အိမ်သားတွေကို မေးတယ်..ဒီအိမ်မှာ နာမကျန်းဖြစ်နေတဲ့ လူနာ 
တစ်ယောက်ရှိတယ်မလား..ဆေးကုသပေးပါရစေတဲ့..အိမ်သားတွေက သမားတော်တွေ 
လက်လျော့ထားတဲ့ အကြောင်းပြောတဲ့ အခါ ..ကိစ္စ မရှိပါဘူ..လူနာဆီသာပို့ ပေးကြပါတဲ့.
.ကောင်လေးဆီရောက်တဲ့ အခါ..ကောင်လေးဟာ ဘယ်သူ့ ကိုမှ မကြည့်ပဲ..ပြတင်းပေါက်ကို သာ
 ငေးနေပါတယ်..ဒီအခါ ဘုန်းတော်ကြီးက..ဒကာလေး...နံရံကို တစ်ချက်လောက်ကြည့်လိုက်ပါဦးဆိုတဲ့ အခါ..ကောင်လေးက နံရံကို စိုက်ကြည့်လိုက်တယ်..ဒီအခါမှာ နံရံကနေ..မှန်လို 
ဖန်သားပြင်ပေါ်လာပါတယ်..နောက် ....ပင်လယ်ကမ်းစပ်က သဲသောင်ပြင်ပေါ်မှာ ..သေဆုံးနေတဲ့
မိန်းကလေး တစ်ယောက်..မိန်းကလေး အလောင်းဘေးကနေ..ပထမဆုံး.. ယောက်ျားလေး
တစ်ယောက် ဖြတ်သွားတယ်..ဖြတ်သွားရင်း..အလောင်းကို ..ရွှံရှာသလို တစ်ချက်ငုံ့ ကြည့်ပြီး
ဆက်သွားတယ်...ခနနေတော့..နောက်ထပ် ယောကျာ်းလေး တစ်ယောက်လျှောက်လာရင်း
မိန်းကလေး အလောင်းကို ငုံကြည့်ရင်း ဂရုဏာသက်စွာနဲ့  သူ၇ဲ့  အနွေးထည်ကို ချွတ်လိုက်ပြီး 
အလောင်းပေါ်လွားပေးခဲ့တယ်..နောက် ဆက်လျှောက်သွားတယ်..နောက်ထပ် တတိယမြောက် 
ယောက်ျားလေး တစ်ယောက် ဘေးနားက ဖြတ်သွားရင်း အလောင်းကို တွေ့ တဲ့အခါ..သူဟာ 
ဂရုဏာသက်စွာနဲ့ပဲ..မိန်းမပျိုလေး အလောင်းကို မြုပ်နှံဖို့  သဲပြင်ကို လက်နှစ်ဘက်နဲ့ ယက်ရင်း
 မြေကျင်းတူးပါတော့တယ်...နောက် အလောင်းမြုပ်နိုင်လောက်တဲ့ အနေအထားရောက်တဲ့ အခါ.
.အလောင်းကို သေချာ သေသပ်စွာ မြုပ်နှံခဲ့ရင်း ထွက်သွားပါတော့တယ်...အဲဒီနောက်တော့.
.သေဆုံးသူ မိန်းကလေး ရဲ့ မျက်နှာက အနီးကပ်ပေါ်လာတဲ့အခါ.. သူ့ ချစ်သူကောင်မလေးဖြစ်နေတယ်.
..ဒုတိယ အနွေးထည်ခြုံပေးခဲ့တဲ့သူက သူ့ မျက်နှာဖြစ်နေပြီး..အလောင်းကို မြေမြုပ်ပေးခဲ့တဲ့သူကတော့
..သူ့ ချစ်သူကောင်မလေး လက်ထပ်သွားတဲ့ သူ ဖြစ်နေပါတော့တယ်..အဲဒီနောက်တော့ နံရံမှာ 
မှန်ချပ်ပုံစံပျောက်ကွယ်သွားပါတော့တယ်..ဒီမြင်ကွင်းတွေကို အဆင့်ဆင့်မြင်ရပြီးတဲ့ နောက်မှာ..
လူနာကောင်လေးဟာ အံ့သြမှင်သက်ခဲ့ရတယ်..ဒီအခါမှာတော့ ဘုန်းတော်ကြီးက..ဒကာလေးဟာ
အရင်ရှေးဘဝက မိန်းကလေးကို ဂရုဏာသက်စွာ အနွေးထည်လွှားပေးခဲ့တဲ့ စိတ်စေတနာကြောင့်
 ဒီဘဝမှာ မိန်းကလေးနဲ့  ၃ နှစ်တာချစ်ခင်ခွင့်ရခဲ့တယ်...အလောင်းမြှုပ်ပေးခဲ့တဲ့ ဒကာလေးကတော့
သူ့ ကုသိုလ် အကျိုးပေးအရ..မိန်းကလေး နဲ့ တစ်သက်တာ လက်တွဲခွင့်ရခဲ့တယ်...လို့  ရှင်းပြခဲ့တယ်
....ဒီအခါမှာ...ကောင်လေးဟာ သံဝေဂ ကြီးစွာရပြီး...ရှေးရေစက်ကံ နဲ့ အကျိုးဆက်တွေကို..
နားလည်သဘောပေါက်သွားခဲ့ပါတော့တယ်..အဲဒီနောက်တော့ ကောင်လေးဟာ
သာသနာဘောင်ကို ဝင်ရောက်ပြီး တရားကျင့်ကြံအားထုတ်ရင်း သံသရာ တစ်ဘက်ကမ်းကို
ကူးနိုင်ခဲ့ပါတယ်..

ဒါလေးကတော့ သူငယ်ချင်းတစ်ယောက် ဖော်ဝပ်ပို့ ပေးခဲ့တဲ့ အကြောင်းအရာလေးပါ..ဒါကို ဖတ်ပြီး
ကျွန်မ ..ရေစက်..ကုသိုလ်..အကုသိုလ်..အားလုံးဟာ ဆက်စပ်နေတတ်တာ...တွေကို တွေးမိခဲ့တယ်.
..ရေစက်ရှိရင် တိုက်တိုက်ဆိုင်ဆိုင်ပဲ မဖြစ်မနေကြုံဆုံရမယ်..ရေစက်ကုန်တော့လဲ ခွဲခွာကြရမယ်..
တစ်နေ့ တော့ အားလုံးကို ခွဲခွာကြရမှာ အမှန်ပါပဲ..ကိုယ်ကအကောင်းဆုံးဖြစ်ဖို့ ကြိုးစားခဲ့တောင်
 အဆိုးတွေ နဲ့ ကြုံလာတဲ့ အခါ...ဘယ်သူမပြု မိမိမှု..ကိုယ်ပြုခဲ့တဲ့ ကံက ကိုယ့်ကို အကျိုးပေးတယ်...
ကိုယ်မသိတော့တဲ့ အရင်က အကုသိုလ်တွေ ရှိခဲ့ရင် ..ကိုယ့်က မုချ ပြန်ပေးဆပ်ရမယ်...
ကုသိုလ်တရားတွေ ရှိရင်လဲ အချိန်တန်ရင် မုချ အကျိုးခံစားရမယ်ဆိုတာလေးတွေကို
 တွေးမိလာခဲ့တယ်...အရင့်အရင် ဘ၀တွေက အတိတ်ရေစက်လည်းရှိမယ် အခုဘ၀မှာလည်း
ခိုင်မြဲတဲ့ မေတ္တာကံရေစက်ရှိထားကြမယ်ဆိုရင် သာယာတဲ့ ဘ၀ခရီးလမ်းတစ်ခုကို 
လျှောက်လှမ်းနိုင်ကြမှာပါပဲ ။. လောကဓံ ကို ကြံကြံခံရင်း အရာရာကို တည်ငြိမ်အေးဆေးစွာ
လက်ခံနိုင်ကြဖို့ကိုလည်း နားလည်ထားဖို့ လိုအပ်ပါတယ် ။

ဖတ်ခဲ့ဖူးတဲ့ ဇာတ်နိပါတ်တော်တွေ..စာတွေ..ကြုံခဲ့ သိခဲ့ ကြားခဲ့တာတွေကနေ...မိန်းကလေးတွေ ရဲ့  
အချစ်..မေတ္တာ..ရှေးရေစက်ကံ...ကုသိုလ်..အကုသိုလ်...ဆိုတာတွေကို...ဆောင်းပါးလေး အဖြစ်
 ရေးချင်နေခဲ့တဲ့ အကြောင်းအရာလေးပါ...မိန်းကလေး ဖြစ်စေ..ယောကျာ်းလေးဖြစ်စေ..ခွဲခွာခြင်းကို
တစ်နည်းနည်းနဲ့  ကြုံခဲ့ကြရရင် ..ပူပန်သောက ရောက်ကြရမှာ အမှန်ပါပဲ....ရှေးရေစက်ကံကြောင့် .
.ဖြစ်တတ် ကြုံတတ်တာလေးကို ဖတ်ပြီး ဖြေသိမ့်နိုင်ကြဖို့  မျှော်လင့်ရင်း ...စာပေမြတ်နိုးသူ
ပရိတ်သတ်တွေကြားမှာ အောင်မြင်စွာ ရပ်တည်ခဲ့တဲ့ ကမ္ဘာသစ် ရဲ့ တစ်နှစ်ပြည့်
အခါသမယကို ကြိုဆိုပါတယ်ရှင်...

ပျော်ရွှင်ချမ်းမြေ.ကြပါစေ..
သက်နွယ်


 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>