2 3 4 5 6 7 8 9 10

Thursday, May 12, 2011

မာတာမိခင်သို့

ကလလ ရေကြည်
သန္ဓေတည်စဉ်ကတည်းက
ချို၊ချဉ်၊စပ်၊ငန်၊ဖန်၊ခါး
ရသာများကို
မမှားရလောက်အောင် သတိဆောင်ခဲ့တဲ့ အမေ....။
လူ့ဘောင်လောကထဲ
ရင်သွေးလေး ရောက်လာချိန်
တောက်ပရွှင်မြူး ကြည်နူးတဲ့မျက်နှာနဲ့
နွေးထွေးစွာ ကြိုဆိုခဲ့တဲ့ အမေ...။
တီတီတာတာနဲ့
မပီကလာ စကားလေးတွေ
ကြားရတဲ့အချိန်မှာ
ဘယ်အရာနဲ့မှ မလဲနိုင်
လောကဓံ ရင်ဆိုင်ခဲ့တဲ့ အမေ...။
အသိဥာဏ် နုနယ်ခိုက်
ဆိုးမိုက်တဲ့ အပြုသဘော
ဒေါသနဲ့ ပြောစကားကိုလည်း
မေတ္တာတရားနဲ့ ယှဉ်ပြိုင်
ဆုံးမပေးနိုင်ခဲ့တဲ့ အမေ...။
သြော်...ခုတော့
ဘ၀တွေ ခြားသွားပေမယ့်
“အမေ့”ရင်ခွင်အိမ်ကိုလွမ်း
တမ်းတမျက်ရည်ဝေသီလို့
နွမ်းလျနေရပါပြီ အမေ.....။
မွေးနေ့ အမှတ်တရ ..
By ei phyu thet

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>