2 3 4 5 6 7 8 9 10

Wednesday, June 22, 2011

အမေ


အမေ
အမေဆိုတာ
သဘာဝက လက်ဆောင်ပေးတဲ့ အိုအေစစ်လေးတစ်ခုပါပဲ
သဲကန္တာရထဲမှာ အိုအေစစ်ဟာ
ဘာနဲ့မှ မလဲနိုင်အောင် တန်ဖိုးကြီးသလို
ဘ၀ကန္တာရထဲမှာလည်း အမေဟာ
ဘာနဲ့မှနှိုင်းလို့မရအောင် တန်ဖိုးမြင့်မားပါတယ်
အမေဆိုတဲ့ အိုအေစစ်သာမရှိခဲ့ရင်
ဘ၀ကန္တာရထဲမှာ နေလောင်ပန်းလို နွမ်းလိမ့်မယ်
အိုအေစစ်ကို ချစ်ရကောင်းမှန်း မသိဘဲ
ပစ်ပယ်ထားမယ်ဆိုရင်
တချိန်ချိန်မှာ ကျွန်တော်ဟာ နောင်တရပြီး
ကျွန်တော်ခံစားသွားရလိမ့်မယ် ဒါကြောင့်
ကျွန်တော်ဟာ အိုအေစစ် တန်ဖိုးကောင်းကောင်း မသိသေးသလို
ကျွန်တော် အမေ၏
တန်ဖိုးကို ကောင်းကောင်း မသိသေးပါ
ယခု ကျွန်တော်ဟာ အမေ၏ တန်ဖိုးဘယ်လောက်ကြီးမားတယ်ဆိုတာ
ကောင်းကောင်းသိရန် ကြိုးစားနေရင်း
ကျွန်တော် ဘ၀မှ မရှိမဖြစ် အရေးအကြီးဆုံးဟာ
အမေပါဘဲ ..။
 
Posted by Htay Win



Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>