2 3 4 5 6 7 8 9 10
Thursday, August 16, 2012
သိဟ် ရာသီဖွား မောင်ငယ့်စိတ်ထား
***  သိဟ် ရာသီဖွား မောင်ငယ့်စိတ်ထား…
(သိဟ် ရာသီ - LEO)…
…မြန်မာလအခေါ် ၀ါခေါင်လမှာ ကောင်းကင်မှာ သရုပ်ဖော်တဲ့အရုပ်က “သီဟ” လို့ ခေါ်တဲ့ ခြင်္သေ့ရုပ်ပုံရှိတာမို့ သိဟ်ရာသီလို့ သတ်မှတ်ကြတယ်။ အင်္ဂလိပ်ရက်ကတော့ ဇူလိုင် ၂၄ ရက်က သြဂုတ် ၂၃ ရက်နေ့အတွင်း မွေးဖွားသူတွေဖြစ်တယ်။ တနင်္ဂနွေဂြိုလ် ကြီးစိုးပြီး မီးဓါတ်အားကောင်းနေချိန်မှာ မွေးဖွားသူတွေလည်းဖြစ်တယ်။ အဲဒီအချိန်မှာမွေးလို့ သိဟ်ရာသီဖွားလို့ ခေါ်ဆိုရမယ်။
  • ရုပ်သွင်…
…ဘယ်လိုအရပ်အမောင်းပဲရှိပါစေ။ သူတို့ရဲ့ရင်ဘတ်တွေဟာ စွင့်ကား ၀င့်ကြွားနေဟန်ရှိကြတယ်။ ဒါကြောင့်လည်း သူဟာ ခွန်အား ကြီးမားတဲ့သူရဲ့ ဟန်ပန်ကို ဆောင်နေတယ်။ ကြွက်သားတွေ ကျစ်လစ် သန်မာတတ်ကြတယ်။ အထူးသဖြင့် မေးရိုးကြီးတဲ့အတွက် သူ့မျက်နှာခန့်ညားတဲ့အသွင် ကို ဆောင်နေ တတ်တယ်။ အချို့ဝါခေါင်ဖွားတွေရဲ့ မျက်စိများဟာ နီကြန်ကြန်အဆင်းကို ဆောင်ထားတတ်ကြတယ်။ ရဲရင့် ၀င့်ကြွားတဲ့အသွင်ကို ဆောင်နေတဲ့ ယောက်ျားပီသတဲ့ ရုပ်သွင်ရှိနေမယ်။ အထူးခြားဆုံးကတော့ သူ့ရဲ့ဆံပင်တွေပါပဲ။ သိပ်ကြည့်ကောင်းမယ်။
  • အမူအရာ…
…ကြောင်ကလေးတစ်ကောင်လို သိမ်မွေ့စွာ ရွေ့လျားသွားလာတတ်တယ်။ ရင်ကိုမော့ချီပြီး လျှောက် တတ်တယ်။ အရာရာကို ရဲဝံ့စွာ ရင်ဆိုင်မယ်ဆိုတဲ့ အသွင်ကို ဆောင်နေလိမ့်မယ်။ အရှိန်အ၀ါ အမူအရာေ ကြာင့် သူ့ပတ်ဝန်းကျင်မှာ သူ့ဟန်ပန်ဟာ လွှမ်းမိုးနေလိမ့်မယ်။ စကားပြောတဲ့အခါမှာ အမူအရာ ဟာ ညင်သာပြီး အသံဟာ  နူးညံ့ပျော့ပြောင်းတဲ့ လေသံကလေးနဲ့ စကားဆိုတတ်တယ်။ တည်ကြည် ငြိမ်သက်တဲ့ ဟန်ရှိပေမယ့် ခံ့ညားစွာ နေတတ်တယ်။
  • စိတ်ထား…
… အကောင်းမြင်ဝါဒသမားဖြစ်တဲ့အတွက် သူ့စိတ်ထားဟာ အနုပညာဥာဏ်ရှိပြီး မြင့်မြတ် စိတ်ထား သူ ဖြစ် တယ်။ ချစ်ခင်တတ်၊ သံယောဇဉ်ကြီးတတ်တယ်။ သူ့ကိုယ်သူ သူတစ်ပါးအတွက် ပါရမီဖြည့်ပေးနိုင်သူအဖြစ် အထင်ရောက်နေတတ်တဲ့ ပီတိ၇ှိနေတယ်။ ဒါကြောင့် သူတွေးတဲ့အကြောင်းအရာနှင့် လုပ်ကိုင်တဲ့နေရာမှာ လွတ်လပ်စွာ တွေးတောကြံဆတယ်။ တစ်ခါတစ်ခါမှာတော့ သူတစ်ပါးကို သူ့ထက်သာတဲ့အတွက် မနာလိုတတ်တဲ့စိတ်ကလေးကို မဖုံးကွယ်နိုင်ဘူး။ သူတစ်ကာထက် ခေါင်းတစ်လုံးပို နေရာယူချင်တာက သူ့စိတ်ထားပဲ။
  • ဆန္ဒသဘောထား…
…ပြင်ပလောကကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာစူးစမ်းလိုသူဖြစ်တယ်။ သူတစ်ပါးကို ကူညီတတ်တယ်။ သံယောဇဉ်ကြီးတဲ့အတွက် သူက တာဝန်ယူဖြေရှင်း ပေးချင်တဲ့သူဖြစ်တယ်။ ဒါပေမယ့် သူ့နားမှာ အဲဒီသူဟာ သိတတ်စွာနေပေးဖို့လိုတယ်။ သူဟာ သူ့နားမှာ နေရတဲ့သူကို “ဂရုစိုက် ကူညီပေးနေရတဲ့သူ” ဆိုတဲ့အသိနဲ့ လောကကြီးကို ပီတိ ဖြစ်နေသူဖြစ်တယ်။ သူ့ကို ဂရုစိုက်တာ ကောင်းချီးပေး ချီးမွမ်းတာတွေကို ခံယူလိုသူဖြစ်တယ်။ သူတစ်ကာကို လွှမ်းမိုးလိုသူလည်း ဖြစ်တယ်။
  • အကြိုက်…
…ရွှေဝါရောင်၊ ရွှေအိုရောင်၊ ကြေးနီရောင်တွေဟာ သူနှစ်သက်တဲ့အရောင်တွေပဲ။ ခပ်ငြိမ်ငြိမ် အရောင်တွေ ထဲက အညိုရောင် ကိုလည်း သူကြိုက်တယ်။ တောင်ပြောင်လွန်းတဲ့အေ၇ာင်တွေကို သူမကြိုက်ဘူး။ အပြင် ကို သွားလာလည်ပတ်ဖို့ကို နေ့အချိန်ကို နှစ်သက်တယ်။ အစားရွေးရာမှာ ၊ နေရာရွေးရာ မှာ ကောင်းတာ မှ ကြိုက်တယ်။ ရုပ်ရှင်ရုံဆိုရင် ပထမတန်းစားနေရာမှ၊ အစားအတွက်လည်း ဆိုင်ကောင်းကောင်း၊ အစားကောင်းကောင်းမှ ရွေးချယ်လိမ့်မယ်။ သူ့ကို ဘယ်သွားရအောင်လို့ပြောတာထက် ဘယ်ကိုသွားသင့် တယ်ဆိုတာ စီစဉ်ပါအုံးလို့ သူ့ကို နေရာပေးလိုက်တာမျိုးကို သူကြိုက်တယ်။ သူမကြိုက်တာက ငြင်းခုံတာတို့၊ ချွဲချွဲပျစ်ပျစ်ပြောတာတို့၊ စိတ်ကောက်တာတို့ကို လုံးဝမကြိုက်ဘူး။ ၀တ်စားပြင်ဆင်ရင်လည်း ခံ့ခံ့ညားညား၊ သပ်သပ်ရပ်ရပ်၊ ယဉ်ယဉ်ကလေး ပြင်ဆင်တာကို သဘောကျတယ်။ ခေတ်ဆန်တာ၊ ရှုပ်ပွ ဆန်းသစ်တာတွေ မနှစ်သက်တတ်ဘူး။
  • အစား…
…နေ့ဖက်မှာ ဆိုင်ကောင်းကောင်းတွေနှင့် အစားကောင်းကောင်းစားပြီး ချစ်ခင်သူကို ဘေးမှာထားပြီး သူပြောတာတွေ နားထောင်ပြီး ဂရုတစိုက် “အင်း” လိုက်ပေးမယ့် ချစ်သူမျိုးနှင့် အစာစားပြီး နားနေချင် သူဖြစ်တယ်။…သူ့ကို ဆန့်ကျင်ဖက်စကား မဟုတ်ပါဘူးလို့ ပြောတာကို လက်မခံနိုင်ဘူး။ နည်းနည်းတော့ မာနကြီးတယ်။ …အစားစားနေချိန်မှာလည်း သူပြောတာကို စူးစူးစိုက်စိုက်နားထောင်နေမှ ကြိုက်တယ်။ အခြားအာရုံပြောင်းထားရင်၊ သတင်းစာ ဖတ်နေရင် သိပ်စိတ်ဆိုးတယ်။ အစားစားနေရင်း သူ့စကား နားထောင်မယ့်သူကို မျှော်လင့်နေသေးတာ။
  • ရင်းနှီးမှု…
…ကူညီတတ်၊ ညှာတာတတ်၊ ဦးဆောင်တတ်သူမို့ သူ့ကို အကူအညီတောင်းခြင်း၊ ဦးဆောင်ပေးဖို့ တာဝန်ပေး အပ်ခြင်းတွေနှင့် ရင်းနှီးမှုရစေမှာပါ။ သူကတာဝန်ယူနေတဲ့အခါလည်း လုံးဝဥဿုံ ယုံကြည် ထားလိုက်ပါ။ ကိုယ်က ၀င်ပြီး ဆရာလုပ်လို့ရှိရင် ပြေလည်မှာ မဟုတ်ဘူး။…ဘာသာစာပေ လိုက်စားသူမို့ စာပေရေးရာ၊ ဘာသာရေးရာကို ဆွေးနွေးနိုင်ရင် သူနဲ့ရင်းနှီးမှုရနိုင်ပါတယ်။ သူ့ရဲ့သိက္ခာ၊ ဂုဏ်၊ ပညာနှင့် ပတ်သက်ပြီး မယုံသင်္ကာရှိခြင်း၊ စော်ကား အထင်သေးမိခြင်းရှိရင် သူ့ရဲ့ဒေါသကို ပြင်းထန်စွာ တွေ့ရမယ်။ ဒါကြောင့် ဘယ်တော့မှ သူ့ဂုဏ်သိက္ခာကို မထိခိုက်လေနှင့်။
  • ၀ါသနာ…
…လယ်ယာ တောတောင်တွေကို လှည့်ပတ်သွားလာတာ ၀ါသနာပါတယ်။ လွတ်လပ်စွာ လှုပ်ရှား သွားလာရ တာတွေကို ၀ါသနာရှိတယ်။ သစ်တောဌာနတွေမှာ တာဝန်ယူတတ်တယ်။…ဇွဲ လုံ့လနှင့် သည်းခံမှုတရားရှိတဲ့အတွက် အားကစားလို လုပ်ငန်းများမှာလည်း အချိန်ယူကစားရတဲ့ပွဲမျိုး ကို နှစ်သက် တယ်။ ဒါပေမယ့် ဘယ်နေရာသွားသွား အနားမှာ နေပါကွယ် ဆိုတဲ့ သီချင်းလေးလိုပဲ သူချစ်တဲ့သူတစ်ဦးကို အနားမှာ အဖော်အဖြစ် ပါဝင်ပြီးမှ သူလုပ်ချင်တာတွေကို လုပ်တတ်တယ်။ တစ်ယောက်တည်း အလုပ် မလုပ်ချင်ဘူး။ ဒါပေမယ့် သူက ဦးဆောင် ရတာကိုလည်း ၀ါသနာရှိတယ်။
  • စရိုက်…
…သူတစ်ပါးကို စူးစမ်းချင်တယ်။ မနာလို ၀န်တိုချင်တဲ့စိတ်ရှိတယ်။ သူမပါဘဲ၊ သူမရှိဘဲနေတဲ့အချိန်မှာ သူ့ချစ်သူက ဘာတွေ လုပ်နေတယ်၊ ဘယ်သူနှင့် စကားပြောတယ်၊ ဘယ်သွားတယ်၊ အဲဒါတွေ ကအစ ပြောပြမှ ကြိုက်တယ်။…သူတစ်ပါးကို သူမပါဘဲ ပျော်ရွှင်တာကို နည်းနည်း သ၀န်တိုတတ်တယ် ။ ငြူစူတတ်တယ်။ အဲဒါကတော့ ကလေးဆန်လှတယ်။သူ့ကို သူမရှိတုန်း ဘာတွေလုပ်ကိုင်နေကြောင်း မမေးခင်ကပြောပြထားရင် သူကျေနပ်တယ်။ သူတစ်ပါးကို (လွတ်လပ်ခွင့်ကို) ၀င်စပ်စုတတ်တာပေါ့။ အဲဒီစရိုက်ကို နားမလည်ရင် သူ့ကို ဆက်ဆံရတာ စိတ်ညစ်စရာဖြစ်တယ်။
  • အတွေးစိတ်ကူး…
…သူတို့ရဲ့ အချစ်နတ်သမီးဟာ ဘယ်လိုလှပကြော့ရှင်းရမယ်၊ ဘယ်လိုပြုစုယုယလိုက်မယ် စသဖြင့် အတွေး စိတ်ကူးနဲ့ မြူးနေတတ် တဲ့သူ ဖြစ်တယ်။ ချစ်သူအတွက် ဘာနဲ့လဲရလဲရ၊ ဘယ်လောက်ကုန်ကျကျ တာဝန်ယူချင်သူဖြစ်တယ်။အချစ်ကို ကိုးကွယ်တတ်တယ်။ သူ့ရဲ့ယောက်ျားပီသတဲ့ဟန်နှင့် ဆန့်ကျင်စွာ အချစ်ရေးရာကို နူးညံစွာ မျှော်လင့်တတ်တယ်။
အလွန် လိုက်လျောတတ်တယ်။ ဒါကြောင့်လည်း သူရွေးတဲ့အခါ မှန်ကန်စွာ ရွေးမိတတ်မှု နည်းတယ်။
……ဥမ္မာရီ (မဟာဝိဇ္ဇာ လက္ခဏာပါရဂူ)၏  "ပျိုလေးရည်းစားမောင့်စိတ်ထား" မှ ကမ္ဘာသစ်သူငယ်ချင်းများအတွက် မျှဝေပေးပါတယ်…
No comments:
Recent Posts
လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ
Popular Posts
မြန်မာ့မြေ
erer-outer'>