2 3 4 5 6 7 8 9 10

Wednesday, April 29, 2015

မင်းရဲ့ အဝေးမှာ




မင်းရဲ့ အဝေးမှာ
ငါ သတိတရ
လွမ်းဆွတ်နေတာ ကြာခဲ့ပြီပဲ
မင်း သတိ ရတတ်မလား
ငါ မသိနိုင်တော့

မင်းရဲ့  ဖြူစင်တဲ့အလှက
ငါ့ကို ခြောက်လှန့် 
မင်း လမ်းတစ်ခု ဖန်ဆင်းပါ
ငါ လျှောက်လှမ်းဖို့ ပေါ့

တိတ်ဆိတ်တဲ့ ညနက်ထဲ
မင်း ငါ့ကို ချန်ထားခဲ့
ရင်ခုန်စရာ အချိန်များ
ဝေးကွာ မှုန်ဝါးသွားခဲ့ရပေါ့

ရင်ထဲက ခံစားချက်
မင်းလေး နားလည်စေချင်ရဲ့ 
တုန့် ပြန်တဲ့ မင်း ခံစားချက်
ရင်ထဲ ခါးသီးခဲ့စေရဲ့ 

ငါ့ကို သတိရတတ်မလား
ဒါပေမယ့် မမေ့စေချင်ပါ
ဒီမှာ တစ်နေရာစီဝေးတဲ့
ကံကြမ္မာတွေကို ငါ မုန်းရင်းပေါ့

လောင်ကျွမ်းဆဲ ငါ့ ရင်ထဲ
မင်း သိစေချင်ရဲ့ 
ဝေးကွာတဲ့ မိုင်တွေအတွက်
ရင်ထဲ မောလျှစေခဲ့

စကားမပြောဘူး
ဒါပေမယ့်.....
မျက်ဝန်းတွေကို နားလည်ပေးပါ
လိမ်ညာမရတဲ့ မျက်ဝန်းတွေမှာ
မင်း အဖြေမှန်ကို ရှာတွေ့ မှာပါ

အနာဂါတ်ရဲ့  နေ့သစ်တစ်ရက်ထဲ
တို့ တွေ ဆုံတွေ့ ချင်ရဲ့ 
မင်း နားလည်နိုင်ခဲ့ရင်ပေါ့ကွယ်...။

v i v a l i b r a 2

 Posted by mg mg soe


No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>