2 3 4 5 6 7 8 9 10

Thursday, January 22, 2015

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်


ကမ္ဘာမှာ မြန်မာဟေ့လို့ ဂုဏ်တင်ခဲ့သူ၊ မြန်မာတစ်ဦးအဖြစ်
ကမ္ဘာ့ ရေးရာ အထွေအထွေကိစ္စတွေမှာ အဓိကနေရာက တာဝန် ထမ်းဆောင်ခဲ့သူ တတိယမြောက် ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှုးချုပ် ဦသန့်၊ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂ ဗဟိုဌာချုပ်ကြီးမှာ ကုလသမဂ္ဂအထွေအထွေ အတွင်းရေးမှုးအဖြစ် တာဝန်ထမ်းဆောင်ဖို့ ကျမ်းသစ္စာ ဆိုခဲ့ သည်မှာ နှစ် ၅၀ ပြည်မြောက်ပြီးခဲ့ပြီ ဖြစ်ပါသည်။
            ကျူးဘားဒုံးပျံအကျပ်အတည်းကိစ္စမှာ အမေရိကန်သမ္မတ ကနေဒီနဲ့ ဆိုဗီယက် ယူနီယံ ၀န်ကြီးချုပ် ခရူးရှပ်ဖ်တို့ကြားမှာ အချက်အချာကျတဲ့နေရာကနေပြီး ကူညီဖြေရှင်းပေးခဲ့တဲ့အတွက်
ကမ္ဘာ အနှံ့   နူကလီးယား စစ်ပွဲကြီးကို ရှောင်ရှားနိုင်ခဲ့ခြင်းမှာ ဦးသန့်၏ စွမ်းဆောင်နိုင်မှုများထဲက တစ်ခုပါ။
            ဒါကို အသိအမှတ်ပြုတဲ့အနေနဲ့ အမေရိကန်သမ္မတ ကနေဒီက “ဒီကမ္ဘာကြီးဟာ ဦးသန့် အပေါ် မှာ ကျေးဇူး အကြွေးတင်နေတယ်” လို့ ပြောခဲ့ကြောင်း ဦးသန့်၏ မြေးဖြစ်သူ သမိုင်းပညာရှင် ဦးသန့်မြင့်ဦး က မှတ်သားပြောကြားခဲ့ပါတယ်။


            မြန်မာသာမက အာရှမှလည်း ပထမဆုံးအထွေအထွေ အတွင်းရေးမှုးချုပ်ဖြစ်ခဲ့သူ ဦးသန့်ဟာ
ကမ္ဘာ့ တက္ကသိုလ်ကြီးများက ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ ၃၀ ကျော်ကို ရရှိခဲ့ပြီး အထွေထွေ အတွင်းရေးမှုးချုပ် ရာထူးတာဝန်စတင်ယူချိန် ၁၉၆၁ ခုနှစ်ကစ ၁၉၇၁ ခုနှစ်အထိ ၁၀ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့ချိန် အတွင်း ကမ္ဘာတ၀န်း ပြဿနာအရပ်ရပ်ကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ပါတယ်။
            ယနေ့အချိန်အထိ စွမ်းအားကြီးမားတဲ့ ဒီအထွေထွေ အတွင်းရေမှုးချုပ်ရာထူးနဲ့ပတ်သတ်ပြီး ဦးသန့်ကိုယ်တိုင်က
“ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်သည် အာရှ၊ အာဖရိက၊ လက်တင်အမေရိကန်၊ သို့မဟုတ် ဥရောပလူမျိုးများ ဖြစ်ရမည်ဟု ကျွန်တော်မယုံကြည်ပါ။ ကျွန်တော်ယုံကြည်သည်မှာ ခေါင်းဆောင် တစ်ယောက်မှာ ရှိရ မည့် သမာဓိရှိခြင်း၊ အရည်အချင်းပြည့်ဝခြင်း၊ ကျွမ်းကျင်လိမ္မာမှုရှိခြင်း၊ အမြော်အမြင် ကြီးခြင်း၊ တစ်ကမ္ဘာလုံးအရေးကို ကိုင်တွယ်ဆောင်ရွက်တတ်ခြင်း၊ အဖွဲ့အစည်းငြိမ်းချမ်းရေး၊ တရား မျှတမှုနှင့် တိုးတက်ရေးတို့တွင် စွမ်းစွမ်းတမံ လုပ်ကိုင်နိုင်မည့် စစ်မှန်သည့် ဆန္ဒရှိခြင်းတို့နှင့်ပြည့်စုံရမည်”  ဟု ဆိုခဲ့ပါတယ်။
            ၂၀၀၉ ခုနှစ်မှာ ကျရောက်တဲ့ ဦးသန့်ရဲ့ နှစ် ၁၀၀ ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် လက်ရှိ ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှုး ချုပ် ဘန်ကီမွန်းကလည်း “ဦးသန့်ဟာ ကုလသမဂ္ဂ ဒုတိယ အထွေအထွေ အတွင်းရေးမှုးချုပ်ဟောင်း ဒက်ဟမ္မားရှိုး ရုတ်တရက် ကွယ်လွန်သွားပြီးနောက် ၁၉၆၁ ကစပြီး အဖွဲ့အစည်း ကြီးကို ပဲ့ကိုင်လမ်းညွှန်ပေးခဲ့တယ်” လို့ ပြောခဲ့ပါတယ်။
            ဒါ့ပြင် “ဦးသန့်ဟာ တကယ့် လူ့ဘောင် အဖွဲ့အစည်းဆိုတဲ့ အမြင်မျိုး၊ လူတစ်ဦးချင်းကြားမှာ နားလည်မှုတွေနဲ့ တစ်ခုတည်းသော ကမ္ဘာ ဆိုတဲ့ စိတ်ဓာတ်မျိုး ဖြစ်လာအောင် လုပ်ဖို့လိုတယ်ဆိုတဲ့ ကိစ္စကို ဇောင်းပေးပြောခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်”   ဟူ၍လည်း မစ္စတာဘန်ကီမွန်းက ပြောခဲ့ပါတယ်။


            ဒေါ်အောင်ဆန်းစုကြည်က “မြန်မာနိုင်ငံကနေပြီးတော့ ပထမဆုံး အာရှမှအတွင်းရေးမှုးချုပ် ထွက်ခဲ့ တဲ့ အတွက် ကျွန်မတို့အားလုံး ဂုဏ်ယူတာပေါ့။ ဒါ မြန်မာနိုင်ငံအတွက်ရော၊ အာရှအတွက်ပါ ဂုဏ်ယူစရာ တစ်ခု ဖြစ်ပါတယ်” လို့ ဂုဏ်ပြုစကား ဆိုခဲ့ပါတယ်။
            ဒီအချက်ကို နိုင်ငံတော် သမ္မတ၏ အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဦးကိုကိုလှိုင်က “သွားလေသူ ကြာသွားတော့ သတိရမှု နည်း လာတာပေါ့၊ သို့သော်ငြားလည်း အခုနောက်ပိုင်းမှာ ဦးသန့်ရဲ့စာတွေ ပြန်ထုတ်တာတွေ ရှိတယ်။ ဦးသန့်ရဲ့အကြောင်းတွေ ပြန်ရေး လာ တာတွေ ရှိတယ်၊ ဦးသန့်နဲ့ပတ်သတ်တာတွေ ပြန်လုပ်လာကြတယ်။ အင်မတန ကောင်းတဲ့ အစီအစဉ်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့  ဂုဏ်ယူနိုင်မယ့် အားမာန်မျိုးတွေ မွေးထုတ်လာနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု ပြောကြားပါတယ်။
            လူ့အခွင့်အရေး သံတမာန် မစ္စတာ တိုမာစ်အိုဂျေကင်တားနားကလည်း “မြန်မာနိုင်ငံ၏ သားကောင်း တစ်ဦးဖြစ်၍ ကမ္ဘာ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးကိစ္စများတွင် နှစ်မြှုပ်ခဲ့ပြီး လုပ်ခဲ့သော ကုလ သမဂ္ဂ အထွေအထွေ အတွင်းရေးမှုးချုပ် ဦးသန့် သည် မြန်မာလူမျိုးတိုင်းအတွက် သမိုင်းမှာ အားတက်စေ သည်” ဟုလည်း ပြောကြားခဲ့ပါတယ်။
            ၁၉၀၉ ခုနှစ်၊ ဇန်န၀ါရီလ ၂၂ ရက်နေ့မှာ ဦးသန့်ကို ပန်းတနော်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ၁၉၂၆ ခုနှစ်မှာ ပန်းတနော် အမျိုးသား အထက်တန်းကျောင်းမှ ဆယ်တန်းစာမေးပွဲအောင်မြင်ပြီး ရန်ကုန် တက္ကသိုလ် သို့ ဆက်လက်တက်ရောက်ခဲ့ပြီး ပညာရပ်များကို ဆည်းပူးလေ့လာခဲ့ပါတယ်။
            ဦးသန့်ဟာ ၁၉၄၇ ခုနှစ်မှာ Press Director of Burma အဖြစ်ခန့်ထားခံရပြီး ၁၉၄၈ မှာ Director of Broadcastion၊ နောင်နှစ် တွင် ပြန်ကြားရေး ၀န်ကြီးဌာနမှ Secretary of Government of Burma အဖြစ် ဆက်လက်တာဝန် ထမ်းဆောင်ခဲ့ပါတယ်။
            ၁၉၅၃ ခုနှစ် ၀န်ကြီးချုပ်ရုံးတွင် စီမံကိန်းများဆိုင်ရာ အတွင်းရေးမှုး တာဝန်ကို ထမ်းဆောင်ခဲ့ပြီး ၁၉၅၅ ခုနှစ်တွင် Burma Economic and Social Board ၏ Executive Secretary တာဝန်ကို ထပ်မံပေးအပ်ခြင်းခံရပါတယ်။
            ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှုးချုပ်တာဝန် မထမ်းရွက်မီကပင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်း ဌာနေ ကိုယ်စားလှယ်အဖြစ် သံတမန်ရာထူးကို ၁၉၅၇ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ 

maysandi


No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>