2 3 4 5 6 7 8 9 10

Wednesday, March 18, 2015

တောင်သမန်သစ္စာ



သက်မဲ့ဖြစ်သော...
လေတို့သည် ပုံမှန်တိုက်၏ ။
မယ်ဇယ်ပင်သည် သူ့တာဝန်အတိုင်း ဖူး၏ ပွင့်၏ ။
ရွက်သစ်တို့သည် ဝေချိန်တန်ဝေ၍...
ရွက်ဟောင်းတို့သည် ကြွေချိန်တန်လျှင် ကြွေ၏ ။
ချစ်သော တောင်သမန်အင်းသည်လည်း...
နွေတွင် ခြောက်သွေ့၍...
မိုးအခါ ရေတိုးချိန်မှာ အင်းရေပြင်ကို တပြင်တပြန့်ကြီးတွေ့မြင်နိုင်သည်။
ဤသဘာဝတရားတို့သည် သစ္စာတရားကြီးမားလွန်းစွာဖြင့်
သူ့တာဝန်ကို သူကျေပွန်စွာဆောင်ရွက်နေကြသည်။
အတိမ်းအစောင်း အပြောင်းအလဲမရှိချေ။
သက်ရှိလူသားတို့သည်သာ..
သစ္စာတရားကို အချိန်ပြည့် မထိန်းသိမ်း...
သိက္ခာတရားကိုလည်း ရာသက်ပန် မစောင့်စည်း။
ဆိတ်ကွယ်ရာရသည်နှင့် သစ္စာနှင့် သိက္ခာကို မစောင့်ထိန်းနိုင်ကြသည်မှာ
လူ့သဘာဝကြီးများ ဖြစ်နေလေရော့သလား။

ကလျာ (ဝိဇ္ဇာ-သိပ္ပံ)
တောင်သမန်သစ္စာ


Posted by ဘုန်းမြင့်ငြိမ်း on June 2, 2012 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>