2 3 4 5 6 7 8 9 10

Saturday, October 6, 2012

စိတ်ကောင်းလေးတစ်ခု


လမ်းထဲကို စ ၀င်လိုက်ကတည်းက ကလေးတွေရဲ့ ကစားသံက ဆူညံနေတော့တာပဲ… အော်.. သတိထား လိုက်တော့မှ ဒီနေ့က စနေနေ့ကိုး…. အော်. ဒါ့ကြောင့်လဲအလုပ်က ခပ်စောစော ပြန်ခဲ့တာပဲ…  အခုမှပြန် သတိရတယ်…
            ရက်ကွက်ထဲမှာ ကစားစရာနေရာမရှိတဲ့ ကလေးတွေကတော့ အိမ်ရှေ့တွေမှာ အားလုံးစု… လမ်မပေါ်မှာစု…။ ကလေးတို့သဘာဝ နည်းမျိုးစုံနဲ့ ကစားနေကြတာမို့… ပျော်စရာတော့ကောင်းသား.. .ကျွန်မတောင်..ငယ်မူပြန်ချင်သွားသလိုပဲ………။

သာသနာကွယ်လျှင် ဗုဒ္ဓအသုံးအဆောင်များ ရှိမရှိ


မေး။         ။ အရှင်ဘုရား။ မသိလို့မေးလျှောက်ခွင့်ပြုပါ။ တပည့်တော်လေ့လာမိသလောက်ဆိုရင် ဘုရားရှင်တစ်ဆူရဲ့ သာသနာကွယ်တယ်ဆိုရင် ထိုဘုရားရှင်၏ ဓါတ်တော်၊ မွေတော်၊ အသုံးအဆောင် တို့သည် မြူမှုန်စာမျှမရှိအောင် ကွယ်တယ်လို့သိရပါတယ်။ ဒါဟုတ်ပါသလားဘုရား။ ဟုတ်တယ်ဆိုရင်လဲ ရွှေတိဂုံစေတီတော်မှာ ဘုရားလေးဆူရဲ့အသုံးအဆောင်တွေက ဘာလို့မကွယ်ဘဲ ရှိနေရတာလဲဘုရား။ နောက်ပြီး ကမ္မ၀ါစာက ဘုရားဟောပါလားဘုရား။ ဘာလို့အရမ်း အစွမ်းထက် တာလဲဆိုတာ သိပါရစေဘုရား။ တပည့်တော် မရှင်းတာလေးတွေမို့ပါ။

Sunday, September 30, 2012

တော်သလင်း လပြည့်နေ့ ( ဂရုဓမ္မအခါတော်နေ့ )





                     “ဂရုဓမ္မ ဆိုသည်မှာ အလေးအနက်ပြု၍ လေးလေးစားစား စောင့်ထိန်းလိုက်နာအပ်သည့် သီလ တရားဖြစ်သည်။ ရှေးဘုရားလောင်း သူတော်ကောင်းကြီးများ ရိုရိုသေသေ ကျင့်သုံးခဲ့သည့်အတွက် ဂရုဓမ္မတရား ဟု အမည်ရခြင်း ဖြစ်သည်။   

လူသားမှန်လျှင် လိုက်နာကျင့်သုံးရမည့် ဓမ္မတရားဖြစ်သောကြောင့် ဓမ္မတာသီလ 
သူတော်ကောင်းတို့ အလေးဂရုထား၍ ကျင့်သုံးအပ်သောကြောင့် ဂရုဓမ္မသီလ
စကြာမင်းတို့ ဓမ္မသတ်သဖွယ် ကျင့်သုံးသောကြောင့် စက္က၀တ္တိဓမ္မသတ်
ကုရုတိုင်းနေ လူတို့လိုက်နာကျင့်သုံးသော တရားဖြစ်၍ ကုရုဓမ္မသီလ
အရေအတွက် ငါးပါးရှိသောကြောင့် ပဉ္စသီလ
လူပုဂ္ဂိုလ်တို့ အမြဲနိစ္စစောင့်သုံးအပ်သောကြောင့် နိစ္စသီလ
မြတ်စွာဘုရားက ဟောကြားတားမြစ်သောကြောင့် ၀ါရိတ္တသီလ
အရိယာပုဂ္ဂိုလ်တို့ နှစ်သက်မြတ်နိုးအပ်သောကြောင့် အရိယကန္တသီလ
ကျင့်သုံးအပ်၊ ကျင့်သုံးသင့် ကျင့်သုံးထိုက်သောကြောင့် သိက္ခာ ပဒသီလ 
ဟူ၍ အဋ္ဌာကထာဆရာတော်ကြီးများက ဖွင့်ဆိုကြသည်ကို မှတ်သားရပါသည်။

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>