2 3 4 5 6 7 8 9 10

Saturday, November 8, 2014

နက္ခတ်ဆရာ ( ရာဘင်ဒြာနတ်တဂိုး )



ကျွန်တော်က မေးရုံ မေးပါတယ်။
“ညဥ့်ဦးယံမှာ လပြည့်ဝန်းကြီးဟာ သစ်ကိုင်းတွေကြားမှာ ထွေးငြိနေတဲ့အခါ ဘယ်သူမှ သူ့ကို ဖမ်းမယူနိုင်ဘူးလား”
ဒါပေမယ့် ကိုကိုက ကျွန်တော့်ကို ပြောင်တယ်။
“ကောင်လေး.. မင်းလောက် မိုက်တာ ရှိသေးမယ် ငါမထင်ဘူး၊ ဖိုးလမင်းဟာ ငါတို့နဲ့ အင်မတန် ဝေးလံတဲ့ဟာကို ဘယ်သူက ဖမ်းယူနိုင်မလဲကွ”
ကျွန်တော်က ပြန်ပြောတယ်။
“ကိုကို ဘာသိလို့လဲ၊ ကျွန်တော်တို့ ကစားစဉ် ပြတင်းပေါက်က ပြူပြီးတော့ မေမေ ပြုံးရယ်တဲ့အခါ .. မေမေ့ကို ဝေးတယ်လို့ ဆိုမလား”
ဒါပေမယ့် ကိုကိုက ပြောသေးတာပဲ။
“အ သေးတဲ့ ညီရယ်၊ လမင်းကို ဖမ်းယူနိုင်လောက်အောင် ကြီးကျယ်တဲ့ ကွန်ကြီးကို ဘယ်သွားရှာမလဲ”
ကျွန်တော်က ပြောတယ်။
“လက်နှစ်ဖက်နဲ့ ဖမ်းမှာပေါ့”
သည်တော့ ကိုကိုက တအားရယ်ပြီး ပြောတယ်။
“မင်းလောက် မိုက်တာ ရှိသေးမယ် ငါ မထင်ဘူး၊ လမင်းဟာ ငါတို့အနားကို ရောက်နိုင်ရင် ဘယ်လောက် ကြီးတယ်ဆိုတာ မင်း သိလိမ့်မယ်”
ကျွန်တော်က ပြန်ပြောတယ်။
“ကိုကိုတို့ကျောင်းမှာ သင်တာ အလကားတွေပါ၊ မေမေဟာ ကျွန်တော်တို့ကို ငုံ့နမ်းတဲ့အခါ မေမေ့မျက်နှာက အင်မတန်ကြီးလို့လား”
ကိုကိုကတော့ ပြောတုန်းပါပဲ။
“မင်းဟာ အ ကို အ ပါတယ်ကွာ”

ရာဘင်ဒြာနတ်တဂိုး

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>