2 3 4 5 6 7 8 9 10

Sunday, May 5, 2013

လျှပ်စစ်မီးနှင့် ဖယောင်းတိုင် ( ဘာသာရေး အမေး၊ အဖြေများ )



မေး။    ။ အရှင်ဘုရား
      ဘုရားဆီမီးပူဇော်ခြင်းနှင့် ပတ်သက်၍ နေ့လယ်ပိုင်းအလင်းရောင် ရှိနေစဉ်နှင့် မီးချောင်း၊ ရောင်ခြည်တော် တို့ဖြင့် ပူဇော်ထားလျှင် ထပ်မံ၍ ဖယောင်းတိုင် ဆီမီးဖြင့် ပူဇော်ခြင်း မပြုရပါ ဆိုသည်ကို ဖြေကြားပေးတော်မူပါ ဘုရား။
 
 ဒေါ်အေးအေး၊ ရန်ကုန်။

ဖြေ။    ။ နေ့လယ်နေရောင် ထွန်းလင်းနေချိန်၌ ဖယောင်းဆီမီး ပူဇော်ခြင်းမှာ အခါနှင့် ပူဇော်လှူဒါန်းမှု လွဲချော်နေ၍ ကုသိုလ်အထူး ဖြစ်ဖွယ် မရှိပါ။ သို့သော် ညအခါ၌ လျှပ်စစ်မီးရောင် ထိန်လင်းနေသော်လည်း ဖယောင်းဆီမီး ညှိထွန်း ပူဇော်မှုကား အဓိပ္ပာယ်မရှိ မဟုတ်ပါ။ ဘုရား လက်ထက်တော်ကပင် အခြားသူများ အဖိုးတန်ပန်းများ လှူဒါန်းထားသော်လည်း ( နတ်များက မန္ဒာရ နတ်ပန်းများဖြင့် ပူဇော်ထားသော်လည်း ) ဆင်းရဲသူမကလေး တစ်ဦးက အဖိုးမတန်သော သပွတ်ခါးပန်းကလေးဖြင့် စေတနာ ထက်သန်စွာ လှူဒါန်းသဖြင့် ကွယ်လွန်ပြီး နောက်ဘ၀တွင် တန်ခိုးကြီးသော နတ်သမီး ဖြစ်ရကြောင်း ၀တ္ထုရှိပါသည်။ သူဌေးသူကြွယ်များ အဖိုးတန်သော ဆွမ်းများဖြင့် ပူဇော် လှူဒါန်း ထားသည့်ကြားမှ မိမိတတ်အားသမျှ ၀င်ရောက် လှူဒါန်း သည်ကို လည်း မတားမြစ်အပ်ပါ။ ထို့အတူ လျှပ်စစ်မီးများ ပူဇော်ထားသည့်ကြားမှပင် ဖယောင်းတိုင် စသည်တို့ဖြင့် ထွန်းညှိပူဇော်ခြင်းမှာ ပြုသင့်ပြုထိုက်သော လှူဒါန်ဒမှုပင် ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။

ဆရာတော် ဦးတိလောကဿရ
မြတ်မင်္ဂလာ ဘာသာရေး အမေးအဖြေများ

1 comment:

Dr Zorren said...

သဘာဝ ကျပါတယ်။ ရေသပ္ပါယ်တာကိုလည်း ဆင်တူ သဘ​ောရပါတယ်။ ခြောက်သွေ့ မွဲညစ်နေတဲ့ ရုပ်ပွားတော်များကို ပူဇော်လျင် ပိုမို အဓိပ္ပါယ်ရှိပြီး ကုသိုလ် အကျိုးဖြစ်ထွန်းနိုင်မယ်လို့ ယူဆပြီး အေးစိမ့်နေတဲ့ ဆောင်းတွင်း မနက်စောစောကြီးမှာ ရေအေးအေးသပ္ပါယ်တာတို့၊ မိုးရွာထဲ ကိုယ်က ထီးဆောင်းပြီး ရေသပ္ပါယ်တာမျိုးတို့ကိုတော့ မလုပ်အပ်ဘူးလို့ ယူဆမိပါတယ်။ အဲဒီလို အကြောင်းအရာတွေ အကျယ်တဝင့် ဆွေးနွေးထားပြီးသား နေရာများရှိရင် ညွှန်ပြပေးကြပါဦး။

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>