2 3 4 5 6 7 8 9 10

Tuesday, May 7, 2013

မဏိမေခလာ နတ်သမီး ( ဘာသာရေး အမေး၊ အဖြေများ )


မေး။    ။ အရှင်ဘုရား
      ဘုရားလောင်း ဇနကမင်းသားကို ကယ်တင်ခဲ့သော မဏိမေခလာ နတ်သမီး သည် အလောင်းတော်၏ ယခင် ဘ၀များနှင့် တွေ့ဆုံ၍ ပါရမီဖြည့်ခြင်း ရှိခဲ့ပါသလား၊ အလောင်းတော် ဇနကမင်းသား ဘုရားဖြစ်ချိန်တွင် မဏိမေခလာ နတ်သမီးသည် အဘယ်သူဖြစ်ပါသနည်း။ သမုဒ္ဒရာ၌ပင် အစောင့်အဖြစ် ရှိနေပါသလား။ မဏိမေခလာ နတ်သမီး၏ ဘ၀ကြောင်းရာကို သိလိုပါသည်ဘုရား။

                                                                  ကျိုက္ကဘာစန္ဒ၊ ဖျာပုံမြို့  ။


ဖြေ။    ။ “တဒါ သမုဒ္ဒရက္ခိတာ ဒေ၀ဓီတာ ဥပ္ပလ၀ဏ္ဏာ အဟောသိ” ဟု ဇာတ် အဋ္ဌကထာ ( ဇာ - ဋ္ဌ ၆၊ ၈၄ ) ၌ ပါရှိ၍ မဏိမေခလာမည်သော သမုဒ္ဒရာစောင့် နတ်သမီးသည် ဥပ္ပလ၀ဏ္ဏာထေရီမ ( တန်ခိုးအရာ၌ ဧတဒဂ် ရ သော လက်ဝဲတော်ရံ ရဟန္တာမ ) ဖြစ်ပါသည်။ ဥပ္ပလ၀ဏ္ဏာထေရီမသည် လွန်ခဲ့သော ကမ္ဘာတစ်သိန်းက ပဒုမုတ္တရ မြတ်စွာဘုရားထံတွင် ဆုတောင်း ခဲ့ပြီး ငါးရာ့ငါးဆယ် ဇာတ်တော်တို့တွင် ဘုရားလောင်းနှင့် ထပ်ခါ တလဲလဲ တွေ့ဆုံ၍ အကူအညီပေးခဲ့ပုံ တို့ကို တွေ့နိုင်ပါသည်။

ဆရာတော် ဦးတိလောကဿရ

မြတ်မင်္ဂလာ ဘာသာရေး အမေးအဖြေများ

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>