2 3 4 5 6 7 8 9 10

Friday, March 22, 2013

နက္ခတ်ပွဲသဘင် ( ခင်မောင်တိုး ) ♫

သာမညဆရာတော်ကြီး


နှလုံးသွေးဖြင့် ရေးသည့်စာ




   လူနှင့်လူချင်း ရန်လိုမှုကင်း၍ ချစ်ခင်ကြင် နာမှု၊ စာနာသနားငဲ့ညှာမှု၊ ဝမ်းမြောက်ဝမ်းသာ မုဒိတာပွားနိုင်မှု၊ သူတစ်ပါးအကျိုး မထိခိုက်မနစ်နာစေမှု စသည့်သူမြတ်တို့၏ ကျင့်စဉ်များကိုသာ လူတိုင်းကိုယ်စီ ထာဝစဉ်လက်ကိုင်ထားနိုင်ကြမည်ဆိုလျှင် ငြိမ်းချမ်း သာယာသော လူ့ဘောင် လောကသည် အမှန်တကယ် ပေါ် ထွန်းလာမည်သာ ဖြစ်ပါသည်။ ထိုသို့မဟုတ်ဘဲ လူနှင့်လူချင်း မလို မုန်းထားမှု၊ ရန်လိုမှု၊ အာဃာတ တရားကြီးမားမှု၊ နိုင်လိုမင်းထက် နှိပ်စက်ကလူပြုမှုတို့သာ တိုးပွားများ ပြားနေခဲ့ပါမူ ဤလောကတွင် ငြိမ်းချမ်းသာယာမှုနှင့် အလှမ်းကွာဝေး နေဦးမည်သာဖြစ်ပါသည်။


    ကြုံတွေ့လာရသည့် အကြောင်းခြင်းရာ အရေးကိစ္စတစ်ခု ခုအပေါ်တွင် တစ်ဦးနှင့်တစ်ဦး နား လည်မှုရှိစွာ ညှိနှိုင်းဆွေးနွေး အဖြေ ရှာခြင်းဖြင့် မလိုလားအပ်သော ဆိုး ကျိုးများကို ဖယ်ရှားရှင်းလင်းနိုင်မည် ဖြစ်သော်လည်း တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ မလို မုန်းထား ရန် ညှိုးပွားကာ ပဋိပက္ခအသွင်ဖြင့် ခိုက် ရန်ဒေါသဖြစ်ကာ သူ့ကိုငါသတ်၊ ငါ့ကိုသူသတ်နှင့် ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့် လက်တုံ့ပြန်နေကြ မည်ဆိုလျှင် အဆုံးမသတ်နိုင်သော ပဋိပက္ခများသာလျှင် ပိုမိုကြီးထွား လာနိုင်စရာရှိသည်။ သူရော ကိုယ် ပါ နှလုံးစိတ်ဝမ်းချမ်းမြေ့မှု ကင်းဝေး လျက် သောကနှလုံး ကြိမ်မီးအုံး သည့်ပမာ ပူလောင်ပြင်းပျခံစားနေ ကြရမည်သာဖြစ်သည်။


အရုဏ်





 

မေး။    ။ အရှင်ဘုရား
      ဗုဒ္ဓဘာသာတို့ ပြောဆိုသုံးစွဲနေကြသော “အရုဏ်” ဆိုသည်မှာ နောက်တစ်နေ့သို့ ကူးပြောင်းခြင်းဟု ဆိုလိုပါသလား ဘုရား။
                                                                                             မောင်မြင့်ကြည်၊ မိတ္ထီလာ။


ဖြေ။    ။ အရုဏ်ဟူသည်မှာ အရုဏ ဟူသော ပါဋ္ဌိမှ ဆင်းသက်သော မြန်မာဝေါဟာရဖြစ်၍ နီမြန်းသော (၀ါ) ရှေးဦးစွာ တက်လာသော နေ၏အရောင်ဟု ဆိုလိုပါသည်။ နေမထွက်မီ တစ်နာရီခန့်တွင် အရှေ့လောကဓာတ်၌ ငါးကြင်း၏ မျက်စိအရောင်ကဲ့သို့ နီမြန်းနေသော ရောင်ခြည်ဦးပင်ဖြစ်၍ သာသနာတော် အလိုအားဖြင့် နေ့သစ် တစ်နေ့ ဖြစ်ထွန်းလာခြင်းပင် ဖြစ်ပါသည်။


ဆရာတော် ဦးတိလောကသာရ ( ရဝေထွန်း )                 

Tuesday, March 19, 2013

နွေထဲမှာ



နွေဥတုရဲ့
ကြွေလုလုဝါရွက်တွေ..။
ပတ္တမြားစီ ထက်ယံမြင့်
လက်ပံပွင့်ဝေ..။

တပေါင်းနေ
ချောင်းရေကို ငုံ့အသောက်..။

အဟောင်းခြွေနွမ်း
ချောင်းရေခမ်း
တပေါင်းနေ ကြမ်းပေမယ့်
သပြေပန်း အညွှန့်နီနီတို့
အဓွန့်ရှည်ရှည် အနေရဲ
နွေထဲမကြောက်..။

မောင်စိန်ဝင်း ( ပုတီးကုန်း )

Monday, March 18, 2013

ကျိုက်ထီးရိုး ဆံတော်ရှင်

ပရိတ်ရွတ်၍ ကျန်းမာခြင်း


မေး။    ။ အရှင်ဘုရား
       လူများသည် ကံ၊ စိတ်၊ ဥတု၊ အာဟာရ မညီမျှမှုကြောင့် ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယော ဓာတ် များ ဖောက်ပြန်ကြပြီး ကျန်းမာရေးချို့တဲ့ကြပါသည်။ ပရိတ်ရွတ်ခြင်းဖြင့် ကျန်းမာလာနိုင်ပါသလားဘုရား။
မသင်းသင်းအေး၊ ဒဂုံမြို့သစ်မြောက်ပိုင်း။

ဖြေ။    ။ ပရိတ် မေတ္တာဘာဝနာတရားတို့သည် ကံ အလုပ်များ ဖြစ်ကြ၏။
     ကုသလကမ္မ၊ ကောင်းသော ကံ အလုပ်ကို လုပ်ကိုင်နေသူများအဖို့ စိတ်ကလည်း ကြည်လင်ရွှင်ပျလာသည်။ စိတ်၏ ကြည်လင်ရွှင်ပျမှုကြောင့် ပူမှု၊ အေးမှု၊ ဥတု ( အထူးသဖြင့် ခန္ဓာကိုယ်တွင်းရှိ ဥသ္မာ တေဇောဓာတ် ) ညီညွတ် မျှတမှုကြောင့် စားသောက်သော အာဟာရကိုလည်း ပါစက တေဇောက ကြေကျက်စေသည်။ ကျန်သော အာပေါ၊ ၀ါယော ဓာတ်တို့ကလည်း အညီအမျှ လှုပ်ရှားကောင်းမွန်စေ၍ စိတ်၏ ကျန်းမာခြင်း၊ ကိုယ်၏ ချမ်းသာ ခြင်း တို့လည်း ဖြစ်ပေါ်လာရပါသည်။ ဗောဇ္ဈင် ၇ ပါး တရားကြောင့် ကံ၊ စိတ်၊ ဥတု၊ အာဟာရနှင့် ဓာတ်ကြီးလေးပါး ညီမျှစေကြောင်း၊ ဣနြေ္ဒတို့ ကြည်လင်စေကြောင်း မြတ်စွာဘုရား ကိုယ်တော်တိုင် ဟောထားချက် ရှိပါသည်။

ဆရာတော် ဦးတိလောကသာရ ( ရဝေထွန်း )                  မြတ်မင်္ဂလာ ဘာသာရေး အမေးအဖြေများ


ဗောဇ္ဈင်္ဂသုတ် ( မင်းကွန်း ဆရာတော်ဘုရားကြီး )


Sunday, March 17, 2013

Aung San Su Kyi


သင်္ဘောသီးချိုချို


        နွေရာသီရောက်ပြီ။ ပူအိုက်သော ရာသီဥတုတွင် လူသားအားလုံး အပူကိုရှောင်၊ အချိုကိုစား၊ အရိပ်တွင် နားလိုကြသည်ချည်း ဖြစ်သည်။ ယခုကဲ့သို့ နွေရာသီတွင် ပေါပေါများများစားနိုင်သည့် အရသာ ချိုချို၊ ရနံ့မွှေးမွှေး သင်္ဘောသီး အေးအေးလေးကို စားလိုက်ရလျှင် စိတ်ချမ်းသာမှု သုခပြည့်စုံလှသည်ဟုပင် တွေးထင်မိပါလိမ့်မည်။
သင်္ဘောသီးသည် မြန်မာနိုင်ငံတွင်သာမက တစ်ကမ္ဘာလုံးတွင်ပင် လူကြိုက်များသော စားသုံးသီးနှံဖြစ်သည်။ သင်္ဘောသီးသည် အရသာချိုသည်။ ၀မ်းမှန်စေသည်။ စားကောင်းရုံမျှမက လူကို ကျန်းမာစေကာ အသက် ရှည်၍ ရောဂါကင်းဝေးစေနိုင်သော သတ္တိထူးများရှိသည်။ ထိုသို့ ဂုဏ်သတ္တိ ပေါများသော သင်္ဘောပင် ကို နေရာ အနှံ့တွင် စိုက်ပျိုးနိုင်သည်။ အထူးသဖြင့် ပူနွေးစိုစွတ်သော နေရာများတွင် စိုက်ပျိုးလျှင် ပို၍ ဖြစ်ထွန်းသည်။


    သင်္ဘောသီး၊ သင်္ဘောပင်နှင့်ပတ်သတ်၍ အင်တာနက် ၀က်ဘ်ဆိုက် တွင် ဒေါက်တာခင်ရွှေ ဘာသာပြန် တင်ပြသော ဆောင်းပါး တစ်ခု၌ သင်္ဘောပင်ကို အမေရိကန်နိုင်ငံ၏ အပူပိုင်းဒေသတွင် စတင် စိုက်ပျိုး ခဲ့ကြကြောင်း သိရသည်။ သင်္ဘောသီး၏ မူလအစသည် မြောက်အမေရိကတိုက်တွင် ရှိသော သင်္ဘောပင်မျိုးမှ ဆင်းသက်လာသည်။ လက်တင်ဘာသာအားဖြင့် ( Carica papaya ) ခေါ်ပြီး သြစတြေးလျနှင့် နယူးဇီလန်တွင် ပေါပေါဟု ခေါ်ဆိုသည်။

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>