2 3 4 5 6 7 8 9 10

Tuesday, March 26, 2013

မင်္ဂလာညချမ်း


မင်းတုန်းမင်းတရားကြီး၏ ကုသိုလ်တော်များ

   သက္ကရာဇ် ၁၂၁၉ - ခုနှစ်တွင် မင်းတုန်းမင်း တရားကြီးသည် မန္တလေးတောင် အနီး မြေကောင်း မြေမြတ် လက္ခဏာနှင့်ပြည့်စုံ၍ လူမျိုးစုံတို့၏ မျက်စိကိုဆွဲဆောင်နိုင်သော မြို့၏ တန်ဆာလက္ခဏာတို့ဖြင့် ခြံရံကာ အထူးထူးသော ရတနာတို့နှင့် ပြည့်စုံ၍ လူမျိုးစုံကုန်သည်တို့၏ စုဝေးပေါင်းစုံရာ ဖြစ်သော ရတနာပုံမည်သော ရာဇဌာနီ မင်း နေပြည်တော်ကြီးကို တည်ထောင်တော်မူသည်။



  

မင်းတုန်းမင်းတရားကြီးသည် တရားကို မြတ်နိုး၍ တရားကိုကျင့်သော ဓမ္မစာရီဖြစ်တော်မူသဖြင့် တိုင်းသူ ပြည်သားတို့သည်လည်း တရားတော်ကို မြတ်နိုးခင်တွယ် စင်ကြယ်သော ဓမ္မစာရီများ ဖြစ်ကြကုန်သည်။ ထို့ကြောင့် ရဟန်း သံဃာများနှင့် ပြည်သူအပေါင်းတို့က နှစ်ထောင်းအားရ ၀မ်းမြောက်ကြလျက် သာသနာတော်ကြီးသည်လည်း နေလို လလို ထွန်းလင်းပြောင်ခဲ့ရလေသည်။

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>