2 3 4 5 6 7 8 9 10

Tuesday, August 27, 2013

မိခင်အိပ်မက် ( မင်းလူ )


အိမ်ရှေ့တံခါး
ခေါက်သံကြားသော်
သားပြန်လာနိုး
ထင်မိသည် ..။

မင်းလူ

Monday, August 26, 2013

ရင့်ကျက်မှု


EII ဝေဒနာရှင်များမှာ ရောဂါတကယ်ရနေခြင်းကြောင့် မဟုတ်ဘဲ ဒေါသဖြစ်ခြင်း၊ စိုးရိမ်ပူ ပန်ခြင်း၊ ကြောက်ရွံ့ခြင်း၊ မနာလို ဝန်တိုခြင်း၊ စိတ်ဓာတ်ကျခြင်း စ သော မကောင်းသော စိတ်ခံစားမှု များ-Unpleasant Emotions ကြောင့် မကျန်းမမာ ဖြစ်ကြခြင်း ဖြစ်သည်။ ထိုသို့သော စိတ်ခံစား ချက်များကို ဒေါက်တာ Selye က Emotional Stressor ဟု အမည် ပေးသည်။ ယင်းတို့ကြောင့် Emotional Stress ဖြစ်သည်။ Emotional Stress နည်းသွားသည်နှင့် အမျှ EII ဖြစ်တာ နည်းသွားမည်ဟု ဆိုပါသည်။
EII ဝေဒနာ ရနေသူများ သည် ကြုံတွေ့နေရသော ဘဝ အခြေအနေများကို Emotional Stress နှင့်ပင် ရင်ဆိုင်တတ်ကြ သည်။ Emotional Stress ကို နား မလည်ကြဟု ဆိုပါသည်။ Emotional Stasisဆို သည်မှာ ဘဝတွင် ကြုံရသော အနိ ဋ္ဌာရုံ အခြေအနေများကို ဥပေက္ခာ စိတ်ထားတတ်ခြင်း၊ မညည်းညူဘဲ သည်းခံတတ်ခြင်း၊ ကြောက်ရွံ့စိတ် မထား သတ္တိရှိခြင်း၊ ရွှင်ရွှင်ပျပျ နေ တတ်ခြင်း၊ စိတ်ခိုင်ခိုင်ထားခြင်း စ သော စိတ်ခံစားချက်ကောင်းများ နှင့် တုံ့ပြန်ရင်ဆိုင်နိုင်စွမ်းရှိခြင်း ကို ဆိုလိုပါသတဲ့။ ထို့ကြောင့် ရင့်ကျက် ခြင်းဆိုသည်မှာ Emotional Stasis ရှိခြင်းကို တစ်မျိုးလှည့်ခေါ် သော ဝေါဟာရပင် ဖြစ်သည်ဟု ဆိုပါသည်။

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>