2 3 4 5 6 7 8 9 10

Monday, September 29, 2014

❃ မဇ္ဇျိမပဋိပဒါ အရိယာမဂ်တရား ရှစ်ပါး



၁။ အယူအမြင် မှန်ကန်ခြင်း ( သမ္မာဒိဋ္ဌိ )
၂။ အပြစ်မရှိသော အကြံကောင်းများကို ကြံစည်ခြင်း ( သမ္မာသင်္ကပ္ပ )
၃။ မမှန်သောစကားကို ရှောင်၍ မှန်သောစကားကိုသာ ပြောဆိုခြင်း ( သမ္မာဝါစာ )
၎။ မမှန်ကန် အပြစ်ရှိသော အလုပ်ကိုရှောင်၍ မှန်ကန်၍ အပြစ်ကင်းသော အလုပ်ကိုသာ ပြုလုပ်ခြင်း ( သမ္မာကမ္မန္တ)
၅။ တရားသဖြင့် ရှာဖွေရရှိသော ပစ္စည်းဖြင့်သာ ကောင်းမွန်မှန်ကန်စွာ အသက်မွေးခြင်း ( သမ္မာအာဇီဝ )
၆။ မှန်ကန်စွာ ကြိုးစားအားထုတ်ခြင်း ( သမ္မာဝါယာမ )
၇။ မှန်ကန်သော အောက်မေ့မှုသတိ အမြဲရှိနေခြင်း ( သမ္မာသတိ )
၈။ မှန်ကန်စွာတည်ကြည်သော သမာဓိရှိနေခြင်း ( သမ္မာသမာဓိ )


မှတ်စု ဖတ်စရာ


ကျန်းမာခြင်းသည် အမြတ်ဆုံးလာဘ်ဖြစ်ကြောင်း

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကုရုတိုင်း၊ သမ္မာသဓမ္မအမည်ရှိသော အရပ်တွင် ဘာရဒွါဇဂေါတ္တ ပုဏ္ဏား၏ မီးတင်းကုတ်အတွင်း မြက်အခင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအချိန် အညောင်းအညာပြေ လမ်းလျှောက်ရင်း ဘုရားထံမှောက်သို့ ရောက်လာသော မာဂဏ္ဍယပရိဗိုဇ်အား အောက်ပါတရားကို ဟောကြားတော်မူသည်။
လာဘ်ဟူသမျှတို့တွင် အနာကင်းရှင်းကျမ်းမာခြင်းသည် အမြတ်ဆုံးအသာဆုံးလာဘ်ဖြစ်၏။
ချမ်းသာဟူသမျှတို့တွင် နိဗ္ဗာန်ချမ်းသာသည် အမြတ်ဆုံးအသာဆုံးဖြစ်၏။
နိဗ္ဗာန်ရောက်ကြောင်း လမ်းအပေါင်းတို့တွင် အင်္ဂါရှစ်ပါးရှိသော မဂ္ဂင်လမ်းကောင်းသည် အမြတ်ဆုံးအသာဆုံးဖြစ်၏
အာရောဂျ ပရမာ လာဘာ၊ နိဗ္ဗာနံ ပရမံ သုခံ
အဋ္ဌင်္ဂီကောစ မဂ္ဂါနံ၊ ခေမံ အမတဂါမိနံ။
{ မဇ္စိုမပဏ္ဏာသပါဋ္ဌိ၊ မာဏ္ဍိယသုတ် }



ကျန်းမာခြင်းသည် ရခဲ့သည့်အရာ

မြတ်စွာဘုရားသည် တပည့်ရဟန်းများအား ရခဲ့သည့် ( ဒုလ္လဘ ) တရားဆယ်ပါးကို ဟောကြားတော်မူခဲ့၏။ ထိုတရားဆယ်ပါးတွင် “အနာကင်းရှင်းကျန်းမာခြင်း” သည်လည်း တစ်ပါးအပါအ၀င်ဖြစ်၏။ သတ္တ၀ါများ ကျန်းမာရေးနှင့် ပတ်သက်၍ ကျန်းမာခြင်းကို ရခဲနိုင်ပုံ၊ ကျန်းမာခြင်း၏ ရန်သူနှင့် ကျန်းမာခြင်း၏ အကြောင်းတရားတို့ကို ညွှန်ကြားဆုံးမတော် မူခဲ့ပါသည်။
ရောဂါကင်းရှင်းကျန်းမာခြင်းကို လူတိုင်းအလိုရှိသင့်၏။ နှစ်သက်သင့်၏။ ကျန်းမာခြင်းသည် လူတိုင်း၏ စိတ်နှလုံးကို ရွှင်ပြုံးစေနိုင်၏။ ယင်းကျန်းမာခြင်းကား လောကတွင် ရခဲသောအရာ တစ်ခုပင် ဖြစ်၏။
စား၊ ၀တ်၊ နေရေး၊ သွားရေးလာရေး စသော အရေးကိစ္စဟူသမျှ၌ သင့်တင့်လျောက်ပတ်စွာ မပြုလုပ်ခြင်း၊ မဆင်မခြင် ပြုလုပ်ခြင်းသည် ကျန်းမာခြင်း၏ ရန်သူဖြစ်၏။ ထို စားဝတ်နေရေး စသည်တို့၌ လျော်ကန်သင့်မြတ်စွာ ပြုလုပ်ခြင်းသည် လူတိုင်းအဖို့ ကျန်းမာကြောင်း ဖြစ်ပေသည်။

ဗုဒ္ဓ၏ ကျန်းမာရေးလမ်းညွှန်တရားတော်များမှ / မဟာသဒ္ဓမဇောတိကဓဇ ဓမ္မစရိယဦးအေးနိုင်




Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>