2 3 4 5 6 7 8 9 10

Sunday, December 28, 2014

Goodbye December



ဒီဇင်ဘာရေ ...
နင့်အကြည့်မှာ နူးညံ့ခြင်းတွေ မနိုးထနိုင်သေးဘူး ...
ဒီဇင်ဘာရေ ...
နင့်ရင်ခွင်မှာ လွမ်းဆွတ်ခြင်းတွေ မထွန်းကားသေးဘူး ...
ဒီဇင်ဘာရေ ...
နင့်ခြေလှမ်းမှာ သံယောဇဉ်တွေ မနွေးထွေးနိုင်သေးဘူး ...
အခုဆိုနင်က
ချမ်းဆီးလွန်းတဲ့ ဆောင်းရဲ့ရင်ခွင်ထဲ
အပြုံးတစ်ချက်နဲ့ ငါ့ကိုချွေးသိပ်ခဲ့ပြီး
ကိုယ်လွန်ရုန်းသွားတော့မယ်လေ ... ။

ဆောင်းရယ် ...
တတ်နိုင်သမျှတော့ ငါလဲပြေးလိုက်ဦးမယ်
ဒီနာကျင်ခြင်းတွေထဲ
နောက်တစ်ကြိမ် ချော်လဲကျတဲ့အခါ
မဖြေသာနိုင်သေးရင်တောင်မှ
တည်ငြိမ်စွာနဲ့ ရှေ့ဆက်သွားချင်လို့ ... ။
                                                
                                       ကောင်မလေး13


ချစ်သူ့ဒိုင်ယာရီ




တစ်လှမ်းလှမ်းလျှင်
ပန်းပွင့်ပွင့်သလို ၀င့်ဝင့်ပါဝါ
မကြာမနှေး မဖြည်းမညင်း
လေကိုခွင်းမည်..။

တစ်ခါရယ်လျှင်
လွင်လွင်မြမြ လှလှထယ်ထယ်
မကျယ်မတိုး မြတ်နိုးငြိစွဲ
ဆည်းလည်းလေးတွေ ဝေးမြေအနှံ့
ပေးဝေဖြန့်မည်..။

တစ်ခါပြောလျှင်
အမောပြေသေး ရေမွှေးဖျန်းလျက်
ပန်းခက်တစ်ရာ လှမ်းပက်လာသလို
ရင်မှာမြေ့ချမ်း အလွမ်းပြေပျောက်
ပန်းကြွေကောက်သလို သူ့နောက်လိုက်နေ
သောကပြေမည်..။

တစ်ခါကြည့်လျှင်
ရင်ထိထိုးဖောက် ဒိုးယိုပေါက်ခဲ့
မိုးသောက်မျက်လုံး အလက်ဆုံးမှာ
ရှက်ပြုံးလည်းပါ အကြင်နာလွှမ်း
ရင်မှာချမ်းမြ  စမ်းကျသောရေ
အေးစိမ့်နေမည်..။

ရုပ်မြင်သံကြား ခံစားစေ့ငု
ချစ်သူ့ရှေ့မှာ အနေကြာတော့
ကိုယ်ရေးဖွဲ့သီ ဒိုင်ယာရီမှာ
ရာဇ၀င်သစ် အကြောင်းသစ်နှင့်
ချစ်သူအကြောင်းတွေချည်းကွယ်…။

မောင်မောက် ( ဥက္ကလာ )


Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>