2 3 4 5 6 7 8 9 10

Friday, June 5, 2015

မြန်မာ မြန်မာ

၂၀၁၅ ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စုဒုတိယပွဲစဉ်၌ အိမ်ရှင်စင်ကာပူအသင်းအား ၂ ဂိုး ၁ ဂိုး ဖြင့် အနိုင်ရရှိကာ နှစ်ပွဲဆက်အနိုင်၊ရမှတ် ၆ မှတ်ဖြင့် အုပ်စုတွင် ဦးဆောင်ထားသည်။

မန်မာ ယူ၂၃ အသင်းသည် အုပ် စုအဖွင့်ပွဲစဉ်တွင် အင်ဒိုနီးရှားအသင်း ကို ၄ ဂိုး ၂ဂိုးဖြင့် အနိုင်ရရှိခဲ့သဖြင့် အုပ်စုပွဲစဉ် နှစ်ပွဲကစား အပြီး နှစ်ပွဲ စလုံးအနိုင်ရရှိကာ ရမှတ်ခြောက်မှတ် ဖြင့် အုပ်စုမှတက်ရန်အလားအလာ ကောင်းများရှိနေပြီဖြစ်သည်။

၂၈ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် အုပ်စု (က)၌ အိမ်ရှင် စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားတို့ဖြင့် တစ် အုပ်စုတည်းကျရောက်နေပြီး အုပ်စု (ခ)တွင် ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ လာအို၊ ဘရူနိုင်း၊ အရှေ့တီမောတို့ပါ ဝင်သည်။



ဆီးဂိမ်းပြိုင်ပွဲဝင်နေသော U - 23 မြန်မာဘောလုံးအသင်း  




စင်ကာပူ ကိုအနိုင်ရပြီးနောက် မြန်မာနည်းပြ ဦးကြည်လွင်၏ ပွဲပြီးပြောစကား

" အိမ်ရှင်လည်း ဖြစ်တယ်၊ အသင်းကောင်း တစ်သင်းလည်းဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့အသင်း 
ခက်ခက်ခဲခဲ ကစားခဲ့ရပါတယ်။ စင်ကာပူ အသင်းအနေနဲ့ နောက်ပွဲ ၂ ပွဲကျန်သေးတာကြောင့် 
လက်ကျန်ပွဲ တွေအနိုင်ရပြီး ဆီမီးတက်ပါစေလို့ ဆုတောင်းပေးပါတယ်။ နောက်ပွဲတွေ တစ်ပွဲပြီးတစ်ပွဲ 
ပိုကောင်းအောင် ပြင်ဆင်သွားမှာပါ။ ဒီနေ့နိုင်ပွဲအတွက် ကစားသမားတွေ ကြိုးစားအားထုတ်မှုကို ဂုဏ်ပြုပါတယ်။ 
ပရိသတ်တွေ တခဲနက် အားပေးမှုကိုလည်း အထူးကျေးဇူးတင်ပါတယ်"



No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>