2 3 4 5 6 7 8 9 10

Wednesday, June 24, 2015

ဘ၀အတွက် မေတ္တာစာစုများ


မေတ္တာသည် သူတစ်ပါးအား ပေးကမ်းရန် အဖိုးတန်ဆုံး လက်ဆောင်ဖြစ်၏။
ချစ်ခင်ကြင်နာမှုကို ရရှိဖို့ လူတစ်ဦးစီ၏ အပူတပြင်းလိုအပ်ချက်ကို ကျေနပ်နှစ်သိမ့်စေနိုင်ရန်
မေတ္တာတရားဖြင့် ကျွန်ုပ်တို့ အနွေးဓာတ်ပေးနိုင်ပေ၏။
မိမိကိုယ်တိုင်က ချစ်ခင်ပြီး မိမိအားလည်း ပြန်လည်ချစ်ခင်ခြင်း ခံရသောသူတို့သည်
အချစ်မေတ္တာကင်းဝေးနေသူတို့ထက် ပို၍ပျော်ရွှင်ချမ်းမြေ့ကြ၏။
မေတ္တာတရားကို ကျွန်ုပ်တို့က ပြန်လည်ပေးကမ်းနိုင်လေလေ
အပြန်အလှန်အားဖြင့် မေတ္တာကို များများပြန်ရလေလေဖြစ်၏။
ဤကား အကြောင်းနှင့်အကျိုးဟူသော ထာဝရနိယာမနှင့်အညီ ဖြစ်ခြင်းပေတည်း။
ဗုဒ္ဓမြတ်စွာ၏ တရားတော်အရ မေတ္တာစိတ်ဓာတ်သည် ကောင်းသောအလုပ်ထက်ပင် ပို၍ အရေးကြီး၏။ 

ချစ်ခြင်းဟူသော ဝေါဟာရသည် လူအမျိုးမျိုးအဖို့ရာဝယ် အဓိပ္ပါယ်အမျိုးမျိုးရှိနိုင်၏။
ဗုဒ္ဓမြတ်စွာ၏ ချစ်ခြင်းဟူသည်မှာ မေတ္တာကိုဆိုလို၏။ မေတ္တာတရားသည် လူတစ်ယောက်၏
တောင့်တမှုကို ကျေနပ်နှစ်သိမ့်စေလိုသော အာသီသဖြင့် အခြားပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အရာဝတ္ထုတစ်ခုကို 

တပ်မက်တွယ်တာခြင်း မဟုတ်ချေ။ မေတ္တာသည် သက်ရှိသတ္တ၀ါအားလုံးသို့
လွတ်လပ်စွာ စီးဆင်းသွားသော အဆုံးမရှိသည့် အကြင်နာတရားဖြစ်သည်။ 
မေတ္တာနှင့်အကြင်နာတရားကို သွန်းလောင်းနိုင်ဖို့အတွက် လက်ဆောင်ပစ္စည်းများ ပေးကမ်းရမည်ဟု မဆိုလိုပါ။

 နူးညံ့သိမ်မွေ့၍ ဖေးမကူညီလိုသော စိတ်ဓာတ်ကို သွန်းလောင်းပေးခြင်းသာ ဖြစ်၏။
အကြင်နာတရားသည် မျက်စိကန်းသူတို့က မြင်နိုင်ပြီး နားမကြားသူတို့လည်း ကြားသိနိုင်သည့် ဂုဏ်ရည်တစ်ရပ် ဖြစ်သည်။
...
[ Ref: How to Live Without Fear and Worry / Dr.K Sri Dhammananda ]


ကမ္ဘာသစ် မြန်မာ Fan Page

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>