2 3 4 5 6 7 8 9 10

Friday, March 13, 2015

အချစ်



ပြက္ခဒိန် မရှိ
ရက်အချိန် မသိ

နာရီ မရှိ
ရာသီ မညှိ

မအိုသည့် အရာ
ထာဝရ အလင်းတန်း

ဘ၀ရဲ့  စမ်းရေအိုင်ကလေးတစ်ခု..။

မောင်စိန်ဝင်း ( ပုတီးကုန်း )

Thursday, March 12, 2015

လေညင်းကလေး


လေညင်းကလေး..
မင်းဟာ အေးမြအောင်လည်း လုပ်ပေးတယ်။
ငါတို့  ခံစားရတယ်။
နှလုံးသားက တစ်ဆင့်ပေါ့။
မင်းဟာ အဆင်းလည်းရှိတယ်။
ငါတို့  မြင်ရတယ်။
တိမ်စိုင်ကလေးတွေက တဆင့်ပေါ့။
မင်းဟာ စကားလည်းပြောတတ်တယ်။
ငါတို့  ကြားရတယ်။
သစ်ရွက်ကလေးတွေက တဆင့်ပေါ့။
ဒါပေမယ့်
မင်းရဲ့  မျက်နှာကိုတော့
ဘယ်တော့မှ မပြဘူး။
ငါတို့ ရဲ့  မေတ္တာတရားကို
မုန်းတီးလို့ လားကွယ်။

 မောင်ဒီ ( လုပ်သားကောလိပ် )


Wednesday, March 11, 2015

အချစ် ( ဂျူး )




ရုန်းနိုင်ဘူးကွယ်
နှောင်ဖွဲ့တွယ်မိ ဖြည်ရင်းငြိခဲ့
မသိဝေရင်း စွဲလမ်းခြင်းလား
နွဲ့ပါးနှောင်ငင် သံယောဇဉ်လား
မထင်ဝံ့ခက် တပ်မက်ခြင်းလား
စကားတိမ်းမူး မိန်းမောမူးမိ
အကြည့်မော့လျော့ တွေဝေမျောခိုက်
မမောဘူးလား အမောသားနော်..။

ပြုံးနိုင်ဘူးကွယ်
ရင်ဝယ်မောထိတ် စကားတိတ်ဆဲ
ရှက်ရိပ်ရောဆင့် ရင်ခုန်နှင့်ပေါ့
ပြယ်လွင့်တွေးစ ရှာမရနိုင်
စူးရှခါးယောင် ချိုမယောင်နှင့်
ပူလောင်သည်လို အေးမည်လိုနှင့်
လိုက်ဖိုမောနှစ် လွမ်းမူးယစ်ပြီ
အချစ်ဆိုတာ ဒါလားကွယ်..။

ဂျူး
( ရှုမ၀၊ ဒီဇင်ဘာ၊ ၁၉၈၁ )



ဆန်းစခါနွေ



ဆန်းစခါနွေ
ရာသီစက်ဝန်း တစ်ကျော့ပြန်ပြီ။
နွေ၊ မိုး၊ ဆောင်း လည်း ခါခါပြောင်းပြီ၊
ခုလည်းတစ်ကျော့ ရောက်ခဲ့ပါပြီ။
ခါနွေဦးသို့တည်....။

ဒေ၀ီဆောင်းသခင် မာန်လျော့လေထင့်
နွေမင်းသားနှင့် မပြိုင်လို
အားလျော့ကာ ခိုဝင်ပုန်းကာဖြင့်
ဆန်းစခါနွေ လတပေါင်းကို
တိုးတိတ်ကာ ချီးကျူး.....။

တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့်
တိမ်ရောင်ပေါင်းစု ယဉ်အထုမှာ
တပေါင်းသာခေါင် လများနောင်သို့....။
သီဆိုဟစ်ကြွေး ဥသြတေးက
ကြားသူရင်ခွင် အေးရိပ်ငြိမ်သို့
လွမ်းမောတသ ထိုကာလသည်
ဆန်းစခါနွေ တစ်မျိုးတည်း... ။
 ...




Tuesday, March 10, 2015

နွေဦးဝင်သော်



နွေဦးဝင်သော်
လေရှင်နှင်မှုတ်၊ ပင်မှပြုတ်၍
ရုတ်ရက်ဝဲကာ၊ ရွက်နီဝါတို့ 
လိပ်ပြာမြေဆင်း၊ ဤတစ်သင်းသည်
ကွေကွင်းကြပြန် လေပြီတည်း..။
အဟောင်းပျက်မူ
အသစ်ပြူရ၊ ဖြစ်ကုန်ကြ၏
သစ်ခွပေါ်တွင်၊ လင်္ကာဆိုပြော၊ ရွှေဥသြသည်
သောသောထံတျာ၊ အသံသာသော်
နာခံသောတ၊ ပုရစ်မြသည်
ပြသည်ကိုယ်ထင်၊ ပွဲသစ်ယင်သည်
ကြည်ရွှင်ကြပြန် လေပြီတည်း....။

ဇော်ဂျီ

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>