2 3 4 5 6 7 8 9 10

Saturday, June 6, 2015

တစ်နေ့ သောအိမ်ပြန်ချိန်..


အိမ်ကိုလူတိုင်းကခင်တွယ်တတ်ကြပါတယ်..
အိမ်နဲ့ ခွဲနေရင်လွမ်းတတ်ကြပါတယ်..အိမ်နဲ့ အဝေးကြီးမှာပဲဖြစ်ဖြစ်အနီးလေးမှာပဲဖြစ်ဖြစ်ပေါ့
ကိုယ့်အိမ်မဟုတ်ရင်ကိုနွေးထွေးမှုကမတူတော့ပါဘူး..
အိမ်နဲ့ ခွဲနေရတာကိုကြိုက်တယ်ဆိုတဲ့လူမတွေ့ ဖူးပါ.ရှိမယ်လဲမထင်ပါ..
အခြေအနေအရသာခွဲနေကြရတာ..လူတိုင်းကအချိန်တန်ရင်အိမ်ပြန်ချင်ကြတာပါပဲ..
ခရီးသွားဝါသနာပါတဲ့ သူတွေတော့ရှိပါတယ်..ခရီးထွက်နေရရင်ပျော်နေတတ်သူတွေပေါ့.
သူတို့ တွေကလည်းအချိန်တန်ရင်အိမ်ပြန်ချိန်ကိုသတိရကြတာပါပဲ..
ခရီးထွက်တဲ့ သူတွေအတွက်အိမ်လွမ်းရတဲ့ အလွမ်းကအတော်ပေါ့ပါးပါတယ်.
သူတို့ ကသွားနေရရင်ကိုပျော်နေတတ်တာကိုး..ပြီးတော့သူတို့ ပြန်ချင်တဲ့ အချိန်ပြန်လို့ ရတဲ့ 
အခြေအနေ..
သူတို့ ရဲ့ စိတ်ထဲမှာပြန်ရမယ်ဆိုတာသေချာပြီးသားပါ..
အခြေအနေအရခွဲနေရသူတွေအတွက်တော့ဒီလိုမဟုတ်ပါ..
အခြေအနေအရဆိုတာအမျိုးမျိုးဖြစ်နိုင်ပါတယ်..ပညာရေးအတွက်၊စီပွားရေးအတွက်.အခြားသော
အခြေအနေတွေအတွက်..
ဒီနေ့ ခေတ်မှာအိမ်နဲ့ ခွဲနေရတဲ့ လူတွေဟာတော်တော်များလာပါတယ်..

အလွမ်းရင့်ရောင် ဒဏ်ရာ




အလွမ်းရင့်ရောင် ဒဏ်ရာ

ဟိုးအမြင့်က တိမ်တွေကို
ရင်ဘတ်ထဲဆွဲယူထည့်သိမ်းထားဖို့
မိုးရာသီကို အခါခါဖြတ်သန်းရတယ် .. ။

မွန်းကြပ်ပါတယ်လို့ ညည်းညူရင်း
ဖယောင်းတိုင်ငယ်လေးလို တစ်စစ လောင်ကျွမ်း ... ဒီမှာ 
အဆုံးမရှိတဲ့ အလွမ်းတွေ ... ။

ကြာခဲ့ပါပြီ ...
မှန်ကင်းတစ်လှည့်၊ ထင်းတစ်လှည့်နဲ့
အမှုမဲ့အမှတ်မဲ့ ကြွေသွားတဲ့သက္ကရာဇ်တွေရယ် 
လက်ချိုးရေနေရင်းက
ဝေးသထက်ဝေးသွားတဲ့ နေ့လေးတစ်နေ့ရယ် 
အသံမကြားရဘဲ
ပုပ်သိုးသွားတဲ့ ရင်ဘတ်တစ်ခြမ်းရယ် 
အတည်တကျဖြစ်လာတဲ့
ခပ်လျော့လျော့ အထီးကျန်ညတွေရယ် 

ဒီလိုပါပဲ ..
ကောင်းကင်ပြာပြာရဲ့ ရာဇဝင်မှာလဲ
မိုးစက်တွေတော့ အကြိမ်ကြိမ်ကြွေခဲ့ဖူးတယ် ... ။

                                                    ကောင်မလေး 13


 Posted by kaungmalay13 


လမ်းသွယ်လေးများ




မွေးကတည်းက လူတိုင်း လူတိုင်း ဘဝဆိုသည့်
မြို.ကြီးတွင် ဝင်ရောက်နေထိုင်ကြရသည်။ 
ထိုဘဝမြို.ကြီးတွင် လမ်းမြောက်များစွာ ပါရှိသည်။ တချို.က ကိုယ့်လမ်း ကိုယ် ဖေါက်ကြသည်။ 
တချို.က အခြားသူဖေါက်ပေးသောလမ်းတွင် ပူပင်ကင်းစွာသွားလာကြသည်။ 
တချို.ကတော့ သူတပါးလမ်းတွင် ပိုင်စိုးပိုင်နင်း ဝင်ရောက်သွားလာကြသည်။
ကျွန်တော်၏ ဘဝလမ်းသွယ်လေးတွေကတော့ အများသား။
ပထမ...မေ့မေ့ရင်ခွင်ဆိုသည့် နွေးထွေးချိုမြနေသော လမ်းကလေးထဲတွင် ပျော်ပျော်ပါးပါး
 ဆော့ကစားရင်း ကြီးပြင်းခဲ့သည်။
ထို.နောက် ဆယ်ကျော်သက်ဆိုသည့် လမ်းသွယ်လေးထဲ ဝင်ရောက်ကာ မေ့မေ့ရင်ခွင်ကို
မေ့လျော.သွားသည်။ ရောက်ရှိနေသော လမ်းသွယ်အသစ်လေးထဲတွင် စူးနစ်ပျော်ဝင်စွာ

 ပျော်ပိုက်နေခဲ့၏။ ထိုလမ်းလေးထဲတွင် အချစ်ကို တွေ.ရှိခဲ့သည်။ အလွမ်းကိုမိတ်ဆက်ခဲ့သည်။ 
သစ္စာ တိုင်တည်ဖူးခဲ့သည်။ သူငယ်ချင်းဆိုသည်ကို နားလည်ခဲ့သည်။
ထို.နောက်တဖန် လမ်းသစ်ဖောက်ကြသည်။ တစ်ယောက်တည်းမဟုတ်တော့။ လက်တွဲဖော်နှင့်အတူ 

အိမ်ထောင်ရှင် ဆိုသည့် လမ်းသစ်ဖောက်ကြသည်။ လမ်းကလေးသာယာလှပဖို. ချွေးနှင့်ရင်းကြသည်။ 
နားလည်မှုတွေနှင့် တည်ဆောက်ကြသည်။
ခွင့်လွှတ်ခြင်း၊ အနစ်နာခံခြင်းတွေနှင့် လမ်းကလေးကို တန်ဆာဆင်ကြသည်။ ယခုဆိုလျှင် ထိုလမ်းကလေးထဲမှာ ကျွန်တော် တို.နှစ်ယောက် သာယာပျော်ရွှင်စွာနှင့် နေထိုင်ကြသည်မှာ လေးနှစ်တိုင်တိုင်ရှိခဲ့ပြီ။


ထိုဘဝဆိုသည့် မြို.ကြီးကတော့ ရှုပ်ထွေးပွေလီလွန်းလှသည်။ ယုံကြည်မှုတွေကို အလွဲသုံးစား
လုပ်ပစ်ကြသည်။ သစ္စာဆိုသည်မှာ ကစားစရာတစ်ခုဖြစ်နေသည်။ ဟန်ဆောင်မှုတွေ ဗရဗြစ်နှင့် 
အပြုံးတုတွေ တနင့်တပိုး တွေ.ရသည်။  ထိုကဲ့သို.မြို.ကြီးထဲမှာ ကျင်လည်ရင်း သူငယ်ချင်း တစ်ယောက်၏ လမ်းညျွှန်မှုဖြင့် သူတပါး ဖောက်လုပ်ထားသော လမ်းကလေးတစ်ခုထဲ အလည်တစ်ခေါက်ရောက်ခဲ့သည်။
အံ့ဩဖွယ်ရာပင်…..ထိုလမ်းကလေးထဲမှာ အေးမြချမ်းသာမှုတွေ တွေ.ရသည်။ ခွန်အားတက်စရာတွေ 

အပြည့်။ စာပေဟူသော ဂုဏ်သတင်းဖြင့် သင်းပျံ.၏။ တရားဓမ္မဖြင့်လည်း မွေ.လျော်နိုင်၏။ 
ကိုယ့်အိပ်မက်များကိုလည်းမျှဝေခံစားနိုင်သည်။


မိတ်ဆွေ…သင်ကော ဒီလမ်းကလေးထဲ အလည်ရောက်မလာချင်ဖူးလား
ရင်းနှီးခင်မင်စွာ ဖိတ်ခေါ်ပါရစေ။ 
ကျွန်တော့်ကို ဖိတ်ခေါ်ခဲ့သော သူငယ်ချင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။ 
ကမ္ဘာသစ် ထာဝစဉ်တည့်တံ့အောင်မြင်ပါစေ...

ကျော်ဇင်ထွန်း


" အုန်းပင်ပျို၏ ရင်ဖွင့်သံ "



ဘုတ်

မိခင်အုန်းပင်ကြီးက

အန္တရာယ်ရှိကြောင်း

သတိပေးလို့

တိတ်ဆိတ်တဲ့ညမှာ

ခပ်အုပ်အုပ်အသံနဲ့

လူမသိ သူမသိ

ခုန်ဆင်းလိုက်တယ် ။


မညီတဲ့မြေပြင်ကို

အမှီပြုလို့

တစ်ရွေ့ရွေ့နဲ့လှိမ့်ပြီး

မြေနိမ့်ပင်တွေကြားထဲ

ပုန်းခိုနေလိုက်တယ် ။

ဘယ်သူမှ မမြင်မှ

အပင်ပေါက်ခွင့်ရမယ့် ဘ၀ ။


အမေ၀တ်ပေးလိုက်တဲ့
အက်ီၤက ခပ္ထူထူ

အေပါက္မပါ

လက်ဗလာမို့

ခေါင်းနဲ့ဖောက်ပြီး

ပတ်ဝန်းကျင်ကို

စူးစမ်းမိတယ် ။


ကိုယ့်ကိုယ်ကို အားပေးပါ


လူရယ်လို့ဖြစ်လာရင် စိတ် ခံစားမှုလည်း ဖြစ်ပေါ်တာ သဘာဝပါဘဲ။ အံ့သြမယ် ၀မ်းနည်းမယ်
ဝမ်းသာမယ် ပျော်ရွင်မယ် ကြည်နူးမယ် စိတ်ပျက်မယ်၊ ဒေါသထွက်မယ်၊ နာကျည်းမယ်၊ ခွင့်လွတ်မယ်..။
စိတ်ဆိုတာ ခံစားမှုမျိုးစုံအတွက်ပါဘဲ။
တခုခုကို လိုချင်မက်မောလာတဲ့အခါ ရလာရင်ဝမ်းသာမယ် မရရင် ၀မ်းနည်းမယ်ဒါက သဘာဝပါ။
ရပြီးတဲ့အရာကို ဆုံးရှုံးရမယ်ဆိုရင် ကြေကွဲဝမ်းနည်းမှုက ဘယ်အရာနဲ့မှ လဲလို့မရအောင်ဖြစ်တတ်
ပါတယ်။မိတ်ဆွေရဲ့ ဘ၀မှာကော ဆုံးရှုံးဖူးပါသလား။တကယ်လို့များ ကြုံဖူးခဲ့ရင် ကိုယ့်ကိုယ်ကို 
အားပေးတတ်အောင် ကြိုးစားပါ။အဖြစ်ပျက်တွေကို ပထမဆုံးနားလည်နိုင်အောင် ကြိုးစားပါ။
ငယ်ရွယ်ချိန်မှာ ချစ်သူရဲ့ ကွေ့ကွင်းခြင်းကို ကြုံတဲ့အခါ အရွယ်ကငယ်သေးတော့ ထားသွားရက်သူကို 
စိတ်ဆိုးဒေါသထွက်မယ် မခံမရပ်နိင်အောင်ဖြစ်မယ် ရင်ထဲမှာဘဲခံစားပါ။ ဒေါသဆိုတာ အပြင်ကို
ထွက်လာရင် အန္တရာယ်များပါတယ်။ကိုယ်မှာ ထားသွားလောက်မဲ့ အကြောင်းတစုံတရာရှိနေမှာပါ။
ဒါမှမဟုတ် သူ့အနေနဲ့ စိတ်ကုန်သွားတာလည်း ဖြစ်နိုင်ပါတယ်။ကိုယ့်ဘက်က ဖြည့်ဆည်းမှု
တခုခုလိုအပ်နေခဲ့ရင်လဲ ဖြစ်နိုင်ပါတယ်။

သာဓုခေါ်ဖို့ မလိုပါ


(၁)

မိဘက
အဓိကရ မျက်နှာဖုံးပေါ့

တနယ်လုံးသိ
ရွှေရှိ ငွေရှိ အားအင်ရှိ
ဂုဏ် အတိနဲ့ ပြည့်စုံပြီး
တိုက်ကြီး တာကြီး ပန်းခြံကြီးနဲ့ နေနိုင်ချိန် …..။


ဖေဖေရေ၊ မေမေရေ
ဒက်ဒီရေ၊ မာမီရေ
ပါပါရယ်၊ မာမာရယ်နဲ့
ချာချာလည်အောင် ၀ိုင်းရံပြီး
အချစ်ကြီး ချစ်ကြ
အနန္တ စွမ်းအားရှင်
ကျေးဇူးရှင် မိနဲ့ ဘရယ်လို့
ကိတ္တိမရော အရင်းပါ
တစာစာနဲ့ ဖေါ်ကျူး
ဦးခိုက်သူ ကန်တော့သူ
ဂုဏ်ပြုသူတွေကလည်း သူ့ထက်ငါ
ဝမ်းသာစရာတွေချည်း ဖြစ်ခဲ့ပေါ့။


မဟာအဖြစ် ဘ၀မှာ
မိတ်တကာကလည်း ပေါမှပေါ
တောကရော မြို့ကပါ
တိုင်းခြားကတောင် လာသပေါ့
ဖွယ်ဖွယ်ရာရာ ဆက်ဆံ
အပြန်အလှန် ခွန်းဆက်
ပွေ့ဖက် ချစ်ကြည်ကြသူတွေကလည်း မရှား
လက်ဆွဲနှုတ်ဆက်ကြတာကလည်း အများသား
နားတောင် မနားအားပါဘူး
ချစ်ကြည်ရေး စကားတွေက တဝေေ၀
အပြုံးရိပ်တွေက တလက်လက်
တယ် … ကျက်သရေ မင်္ဂလာ ရှိခဲ့သပေါ့ …။


(၂)

ပြန်မပြောတော့ပါဘူး
လံကဓေါလို့ပဲ တရားချ
မိဘက ဆင်းရဲပြီး
တိုက်ကြီးပေါ်ကနေ ခြံပါပျောက်
ထန်းခလက် တဲထဲလည်း ရောက်သွားရော
ကြက်ပျောက် ငှက်ပျောက် ပမာအလား
ခြေရာဖျောက်သွားလိုက်ကြတဲ့ သမီးသား
အနီးအနား ကျန်ခဲ့သူဟာ
လက်ချိုးရေရင်တောင် ရပါရဲ့
မလာနိုင်ရင် အသာထား
အမှာစကားလေးတောင် မပါးလို
မိဘအိုရဲ့ ထန်းလက်တဲ
ဧည့်မိတ်ဆွေလည်း ခြောက်ခမ်း
အနွမ်းပါးဆုံး ကာလမှာ
မီးဖိုချောင်ပါ မီးခိုးတိတ်
ရယ်သံတွေပါ ဆိတ်သုဉ်း
ခပ်ယဲ့ယဲ့လေး ပြုံးလိုက်မိ
( မချိပြုံး မဟုတ်ရတာတော့)
ကိုယ့်ဟာကိုယ်ပဲ သိပါတယ်။


တချို့များကျတော့
မျက်နှာပြဖို့ နေနေသာသာ
လာဖို့ရာလည်း စိတ်မကူး
ခြေဦးတောင် မလှည့်ချင်
သံယောဇဉ်တွေ အကုန်ဖြတ်
ပြတ်သွားလိုက်ကြတာ
ရေကြည်ရာမှာ ဘ၀င်ခွေ့
အတိတ်ကိုပါ မေ့သွား
ဘ၀ချင်း ခြားလိုက်ကြ
(ဒီကလည်း) တရားရလိုက်ပါတယ်။


တချို့များကျတော့
မိဘဆိုတာ ဝေလာဝေး
သွေးသားတောင် မစပ်တော်
အဖေတောင် မခေါ်ခဲ့ဘူး သယောင်
အမေတောင် မတော်ခဲ့ဘူး သယောင်
တယ် …မျက်နှာပြောင် သပ
ဒီကလည်း …
ရင်ထဲ … ကျင်ကနဲနေအောင် တွေးမိရင်း
တမျှဉ်းမျှဉ်းနဲ့ ပြုံးလိုက်မိ
အဓိအတ္တ…သမီး သားမျိုးတွေကိုတော့
အဘိဓမ္မတ္တ ….တနည်းပွားဖို့မလိုပါဘူး
ထန်းရိပ်ညိုညို တဲကုပ်ကြားက
ကိုယ့် တရားလေးကို ကိုယ်ပြန်ရှု
သာဓု… သာဓု ခေါ်ကြစေဖို့ မဟုတ်ပါ။ ။

ဝင်းတင့်ထွန်း

အိမ်



ကျွန်မတို့တွေဟာ ကလေးဘ၀ မသိတတ်သိတတ်အရွယ် ကျောင်းစတက်ကြပါပြီဆိုကတည်းက
 ကျောင်းကို သွားချင်ပါတယ် သွားချင်ပါတယ် ဆိုတာထက် အိမ်ပြန်ချင်ပါတယ် အိမ်ပြန်ချင်ပါတယ်
အိမ်ပြန်ချိန်ကျောင်းဆင်းခေါင်းလောင်းထိုးခါနီး ရင် ပျော်ရွှင်အော်ဟစ်ကြတဲ့ကလေးကသာ များပါတယ် 
အိမ်ဆိုတဲ့ဝေါဟာရကို သေချာမသိခင်အချိန်ကတည်း ကျွန်မတို့ဟာအိမ်ကိုချစ်ခဲ့ကြပါတယ်
ခုလည်း အိမ်ဆိုတဲ့ စကားကိုကြားလိုက်တာနဲ့ လူတိုင်းလူတိုင်း ပြေးမြင်ကြမဲ့အရာဟာ 

သစ်ဝါးအုတ်တွေနဲ့ပြုလုပ်ထားတဲ့အဆောက်အဦးတခုသာဖြစ်မယ်ထင်ပါတယ်
အဲဒီအဆောက်အဦးထဲက သက်ဝင်လှုပ်ရှားနေမဲ့ လူသားများဖြစ်ကြတဲ့ ဘိုးဘွား မိဘ 

ညီအကို ဆွေမျိုးတွေကို အတူတကွ တွဲလျက်မြင်မိကြရဲ့လား လို့မေးရင် ကျွန်မကတော့ 
အဆောက်အဦးကိုသာပိုမြင်ယောင်မဲ့သူပိုများမယ်လို့ထင်မိပါတယ်

Friday, June 5, 2015

မြန်မာ မြန်မာ

၂၀၁၅ ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စုဒုတိယပွဲစဉ်၌ အိမ်ရှင်စင်ကာပူအသင်းအား ၂ ဂိုး ၁ ဂိုး ဖြင့် အနိုင်ရရှိကာ နှစ်ပွဲဆက်အနိုင်၊ရမှတ် ၆ မှတ်ဖြင့် အုပ်စုတွင် ဦးဆောင်ထားသည်။

မန်မာ ယူ၂၃ အသင်းသည် အုပ် စုအဖွင့်ပွဲစဉ်တွင် အင်ဒိုနီးရှားအသင်း ကို ၄ ဂိုး ၂ဂိုးဖြင့် အနိုင်ရရှိခဲ့သဖြင့် အုပ်စုပွဲစဉ် နှစ်ပွဲကစား အပြီး နှစ်ပွဲ စလုံးအနိုင်ရရှိကာ ရမှတ်ခြောက်မှတ် ဖြင့် အုပ်စုမှတက်ရန်အလားအလာ ကောင်းများရှိနေပြီဖြစ်သည်။

၂၈ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် အုပ်စု (က)၌ အိမ်ရှင် စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားတို့ဖြင့် တစ် အုပ်စုတည်းကျရောက်နေပြီး အုပ်စု (ခ)တွင် ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ လာအို၊ ဘရူနိုင်း၊ အရှေ့တီမောတို့ပါ ဝင်သည်။



ဆီးဂိမ်းပြိုင်ပွဲဝင်နေသော U - 23 မြန်မာဘောလုံးအသင်း  




စင်ကာပူ ကိုအနိုင်ရပြီးနောက် မြန်မာနည်းပြ ဦးကြည်လွင်၏ ပွဲပြီးပြောစကား

" အိမ်ရှင်လည်း ဖြစ်တယ်၊ အသင်းကောင်း တစ်သင်းလည်းဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့အသင်း 
ခက်ခက်ခဲခဲ ကစားခဲ့ရပါတယ်။ စင်ကာပူ အသင်းအနေနဲ့ နောက်ပွဲ ၂ ပွဲကျန်သေးတာကြောင့် 
လက်ကျန်ပွဲ တွေအနိုင်ရပြီး ဆီမီးတက်ပါစေလို့ ဆုတောင်းပေးပါတယ်။ နောက်ပွဲတွေ တစ်ပွဲပြီးတစ်ပွဲ 
ပိုကောင်းအောင် ပြင်ဆင်သွားမှာပါ။ ဒီနေ့နိုင်ပွဲအတွက် ကစားသမားတွေ ကြိုးစားအားထုတ်မှုကို ဂုဏ်ပြုပါတယ်။ 
ပရိသတ်တွေ တခဲနက် အားပေးမှုကိုလည်း အထူးကျေးဇူးတင်ပါတယ်"



မိုးရွာသော နေ့ရက်များတွင် သတိပြုသင့်သော အရာများ



 မိုးလဖြစ်သည်မို့ မိုးစက်မိုးပေါက်များ တဖွဲဖွဲရွာသွန်း နေသည်နှင့်အမျှ လှုပ်ရှားသွားလာသမျှ နေရာတိုင်းမှာ စိုစိုစွတ်စွတ်… ထိတွေ့ကိုင်တွယ်မိသမျှ အရာရာတိုင်းက စိုစိုထိုင်းထိုင်း… လမ်းဘေးဝဲယာ ကြည့်မိသမျှ နေရာတိုင်းမှာ ဟိုမှသည်သို့ တ၀ီဝီ၀ဲပျံနေကြသည်က များပြားလှစွာသော ယင်ကောင်များ…
သည်တော့ ယခုကဲ့သို့ မိုးရာသီရက်များ 
အတွင်းတွင် အစာအဆိပ် သင့်ခြင်း၊
အစာအိမ်ရောင်ခြင်းနှင့် ၀မ်းပျက် ၀မ်းလျောရောဂါများ ဖြစ်နှုန်းက မြင့်တက်သွားလေ့ရှိပါသည်။
…လေထုထဲတွင် စိုထိုင်းဆ မြင့်မားနေခြင်းက ရောဂါများကို ဖြစ်စေသော ဘက်တီးရီးယားပိုးများ၏
ကြီးထွား ပွားများမှုကို တွန်းအားပေးနေသည်။ စိုစွတ်ထိုင်းမှိုင်းသောရာသီတွင် အလွန်ပေါက်ဖွားကြ
ကုန်သော ယင်ကောင်များကလည်း     ရောဂါပိုးများစွာကို တစ်နေရာမှတစ်နေရာသို့ အကြီးအကျယ်
သယ်ဆောင်ဖြန့်ဖြူး ပေး လျက်ရှိနေပေသည်။ ဤသို့သော အန္တရာယ်များရှိနေသည့် မိုးရွာသောနေ့ရက်များတွင် အန္တရာယ် ကင်းစေရန် သတိပြုဆောင်ရွက်သင့်သောအရာများကို အကြံပြုဖော်ပြလိုပါသည်။

Thursday, June 4, 2015

ဦးပေါ်ဦး လက်ရွေးစင်ဟာသများ (၅)


  စကားအရာမှာ ကြွယ်ဝလိမ်မာစွာ ပြောတတ်ဆိုတတ်တဲ့၊ ဖြတ်ထိုးဥာဏ်ကောင်းတဲ့ ပျော်တော်ဝန်အမတ်ကြီး ဦးပေါ်ဦးရဲ့ လိုရင်းရောက်အောင် ဒိုးဒိုးဒေါက်ဒေါက် ပြောဆိုပုံ၊ ပိုင်ပိုင်နိုင်နိုင် ခိုင်းနှိုင်းပုံများကိုဖတ်ရင်း ကမ္ဘာသစ်သူငယ်ချင်းများအားလုံး ဘ၀အမောတွေပြေပြီး ပျော်ရွှင်စေဖို့ပါ…..

 …အပျိုချောရဲ့ခြေသလုံး…

…ဖန်နန်းရှင် ဘကြီးတော်မင်းတရားကြီးအနေနဲ့ အင်းဝမြို့တော်ဟောင်းကို မွမ်းမံပြုပြင်တော်မူရာမှာ လမ်းတွေကို ချဲ့ထွင်တာလည်း ပါဝင်တာပေါ့။   လမ်းတွေကို ချဲ့ထွင်ပြုပြင်တဲ့အခါ စေတီတော်တစ်ဆူအနေနဲ့ လမ်းနဲ့မလွတ်ဘူး၊ စေတီတော်ကို ဖျက်ပြီးရွေ့မှ လမ်းဖြောင့်မယ်။ ကျယ်ဝန်းလာမယ်။

…သာသနာ့ဒါယကာ မင်းတစ်ပါးအနေနဲ့ ဘာသာရေးကို ထိခိုက်လို့ မဖြစ်ဘူး။ အရေးတယူ အလေးမူရလိမ့်မယ်။ ဒါကြောင့် ဆရာတော် သံဃာတော်များကို ပင့်ဖိတ်ဆွမ်းကပ်တယ်။ လမ်းနဲ့မလွတ်တဲ့ စေတီတော်အကြောင်း မေးမြန်း လျှောက်ထားတယ်။ ဘယ်ဆရာတော်ကမှ ဖျက်တာမဟုတ်ဘူး။ ရွှေ့တာပဲ၊ ရွှေ့ကောင်းတယ်လို့ မိန့်တော်မမူကြဘူး။ မရွှေ့ကောင်းရယ်လို့သာ မိန့်တော်မူကြတယ်။

…ဖန်နန်း၇ှင်မင်းတရားကြီးကတော့ စေတီတော်ကို ရွှေ့ချင်တယ်။ ရွှေ့မှသာ လမ်းကြီးကျယ်ဝန်း ဖြောင့်တန်းသွားမှာကိုး။ သို့သော်လည်း သူတစ်ဦးတည်း သဘောနဲ့ လုပ်ရာလည်း အရောက်မခံချင်ဘူး။ ကြံဖော်ကြံဖက် အနည်းဆုံး တစ်ယောက်လောက်တော့ ရှိနေစေချင်တယ်။

…ဒီအတွက် ညီလာခံသဘင်မှာ ဗိုလ်ပုံစုံလင်တဲ့ အခိုက်မေးတော်မူတယ်။

…“ ကိုယ့်တော်မှာ ဆရာတော် သမားတော်များရဲ့ စကားကို ပယ်လှန်ရန်အခက်၊ စေတီတော် လမ်းနဲ့မလွတ်တာ မရွှေ့ဘဲ ထားရအခက် ဖြစ်နေတယ်မင်းကြီး၊ မင်းကြီးသဘောတင်ပါဘိ…”

…အမတ်ကြီး ဦးပေါ်ဦး သိတယ်လေ။ ငါ့အရှင် မင်းတရားကြီးဟာ မရွှေ့ကောင်းဘူး သံဃာတော်တွေ မိန့်သွားပါလျက်နဲ့ မေးနေတာဟာ သူ့ဘက်က အဖော်လိုနေလို့သာ ဖြစ်ရမယ်ဆိုတာ သိတယ်လေ၊ သိတဲ့အတွက် မင်းလိုလိုက်ပြီး မင်းကြိုက် တင်တယ်။

…“ မှန်လှပါ ဘုန်းတော်ကြောင့် ဘုရင်မင်းတရားကြီးဟာ ဘုရားကို ရွှေ့ပြောင်းချင်တဲ့ ဆန္ဒတော်ပြင်းပြနေခြင်းမှာ ကောင်းမြတ်သော စိတ်နဲ့ရွှေ့လိုခြင်းသာ ဖြစ်ပါသောကြောင့် စိတ်ထားမြတ်လျှင် ကုသိုလ်လို့ နှလုံးတော်ပိုက်ပြီး ရွှေ့သာ ရွှေ့တော်မူပါဘုရား…”

…အမတ်တွေ အံ့အားသင့်သွားသော်လည်း ဖန်နန်း၇ှင်မင်းတရားကြီး ကြည်သာရွှင်ပြုံး ဖြစ်သွားတော်မူတယ်။ အဲ…ပြုံးပြုံးရယ်ရယ် ဖြစ်သွားပေမယ့် မင်းလိုလိုက်ပြီး မင်းရဲ့အကြိုက်ကိုလိုက်ပြီး တင်တာဖြစ်နိုင်ကြောင်းလည်း သတိမလစ်ဘူး။ ဒါကြောင့်ဦးပေါ်ဦးကိုပဲ မေးတော်မူတယ်။

Wednesday, June 3, 2015

မျိုးချစ်စိတ်နှင့် ဖေဖေ့ပုံပြင်များ

          

ပုံပြင်စာအုပ်ဖတ်ကြစို့
               ကျွန်မရဲ့တစ်ဦးတည်းသောသာ တက်တဲ့မူကြိုကျောင်းက ကလေးများကျောင်းပိတ်ရက်
ဖတ်ဖို့ ဆိုပြီး ( အမှန်က မိဘတွေက ဖတ်ပြဖို့ပေါ့ ) သောကြာနေ့တိုင်း ပုံပြင်စာအုပ်လေးတွေ
တစ်အုပ်စီ ထည့် ထည့်ပေးလိုက်တတ်တယ်။ တနင်္လာနေ့ကျတော့ ပြန်ပေးရတာပေါ့။
ဒီတော့လည်း ကျွန်မမှာ ပုံပြင်တွေ ဖတ်ပြရတဲ့တာဝန်က တိုးလာပြန်ပေါ့။
ကျွန်မသားဟာ အရင်တုန်းကဆို ပုံပြင် ဖတ်ပြရင် စိတ်မ၀င်စားပေ မယ့် ခုတော့စိတ်ဝင်တစား
နားထောင်လာလို့ ၀မ်းသာ ရပေမယ့် ထူးဆန်းပြီး ဘ၀င်မကျဖြစ်မိတာက ခုချိန် ထိ ထည့်ပေးသမျှမှာ
 မြန်မာဘာသာနဲ့ပုံပြင်တွေ မပါလာသေးတာပါပဲ။ ယုန်ကလေး ဂျက်နဲ့ဂျော်ဂျီ၊
Come along,daisy! It’s mine! စတဲ့ အင်္ဂလိပ်ဘာသာနဲ့ရောင်စုံရုပ်ပုံလေးတွေပါတဲ့ စာအုပ်တွေပဲ
ဖြစ်နေပါ တယ်။ အင်္ဂလိပ်စာလုံးလေး တစ်လုံးကိုပဲ ထပ်ခါတလဲလဲ ပုံပြင်ထဲမှာ ထည့်ပေးထားတတ်လို့
ကလေးတွေ အနေနဲ့ အင်္ဂလိပ်စာကို နားရည်ဝတာတော့ ကောင်းပါတယ်။ ကျွန်မတို့မြန်မာဘာသာနဲ့
ထုတ်ဝေတဲ့ ကလေး စာအုပ်လေးတွေရှိပေမယ့် သိပ်ပြီးမတွင်ကျယ်လှသေးဘဲ
မူကြိုကျောင်းတွေမှာလောက်ပဲ ထားပြီး ဖတ်နေ ကြ တာ တွေ့ရပါတယ်။ အမှန်အတိုင်းပြောရရင်
ကျွန်မကတော့ ကျွန်မတို့လူမျိုးဘာသာဓလေ့တွေနဲ့ ထုံမွှမ်း ရောစပ်ထားတဲ့ ပုံပြင်စာအုပ်လေးတွေကို
ပိုပြီးတောင့်တ မိပါတယ်။ အဲဒီလိုမြန်မာဘာသာနဲ့ စာအုပ်လေးတွေ များများထွက်လာရင် ကောင်းမှာ၊ 
ကျွန်မကိုယ်တိုင် အားတတ်သရော ဖတ်ပြဖြစ်မယ် ထင်တယ်။

Monday, June 1, 2015

တစ်ခါကလမ်းကလေး



စနစ်တွေပြောင်း နှစ်တွေဟောင်းလည်း
ခေါင်းလောင်းတေးစ ချိုမြမြကို
နားရည်ဝဆဲ.....လွမ်းနေမြဲလေ...။

စိမ်းမြမြက်များ မိုးဖွဲဖွဲအောက်
ကျောင်းတော်လျောက်လမ်း
မိုးပက်ဖျန်းရာ ပွင့်လန်းရာချီ
လှမ်းခဲ့ကြသည်။

ရင်ငွေ့နွေးနွေး နို့ချိုအေးနှင့်
ပိုက်ထွေးယုယ မိခင်ပမာ
တစ်သွယ်မခြား ဆရာများစွာ
အငြိမ်းစားယူ တစ်ချို့မှာမူ
နာသူ နာကြ ဆုံးပါးကြနှင့်။

တစစီကြဲ ဘ၀ထဲမှာ
ရှောင်လွှဲမရ အနိစ္စလမ်း
ချခြေလှမ်းစုံ လမ်းတို့ဖုံခဲ့......။

လက်ဆင့်ကမ်းဝေ မျှဝေလင်းလက်
ပန်းပျိုးလက်များ အကြင်နာလွှမ်း
စိမ့်ရေချမ်းမြ သွန်းလောင်းချစေ။

ပန်းမျိုးတစ်ရာ သီးတစ်ရာနှင့်
အညှာတစ်ခု ကမ္ပည်းထိုးရစ်
သွန်ုးလောင်းထုဆစ် မမေ့ဖွယ်ရာ
တို့...ကျောင်းတော်သာ....။



Posted by khin soe htut 


Sunday, May 31, 2015

သွေးတိုးရောဂါနှင့် နေထိုင်စားသောက်မှုပုံစံ



     
 သွေးတိုးရောဂါ ရှိနေသူတွေအနေနဲ့ သွေးတိုးရှိနေသူ
တစ်ယောက်က အငန်လျှော့စားရပါမယ်။
အဆီအဆိမ့်ကို လျှော့စားရပါမယ်။ အုန်းနို့ကို လျှော့စားရပါမယ်။
 ဟင်းသီးဟင်းရွက်တွေကို များများစားပေးရပါမယ်။
 လေ့ကျင့်ခန်းကို မှန်မှန် လုပ်ပေးသင့်ပါတယ် ။
 သွေးပေါင် မှန်မှန် ချိန်ပေးရပါမယ်။
            သွေးတိုးရှိသူတွေက စိတ်လှုပ်ရှားနေတဲ့အခါ၊
 နေအရမ်းပူတဲ့အခါ သွေးတိုးပြီး မူးမေ့တာတွေ ဖြစ်တတ်တယ်။ ဒါက စိတ်ဖိစီးမှု ( Stress ) ကြောင့် ဖြစ်ရတာပါ။ 
ဒီလိုမဖြစ်စေဖို့အတွက် စိတ်မလှုပ်ရှားအောင်
 နေရပါမယ်။ စိတ်ဖိစီးမှု ထိန်းချုပ် နည်းတွေကို လိုက်နာရပါမယ်။ အခုခေတ်မှာ တရားထိုင်တာ၊
တရားမှတ်တာ စတဲ့နည်းတွေနဲ့ စိတ်ကို တည်ငြိမ်အောင် လုပ်လို့ ရနေပါပြီ။ ဘာကြောင့် စိတ်ဖိစီးမှု
များရသလဲဆိုတဲ့ အကြောင်းရင်းကို ရှာပြီး ရှောင်လွှဲနိုင်ဖို့ ကိုလည်း ကြိုးစားရပါမယ်။
ဥပမာ - အလုပ်တွေ မပြီးလို့၊ မနိုင်လို့ စိတ်ဖိစီးမှုများရတယ်ဆိုရင် အချိန်ကိုက် ကြိုတင်စီမံတဲ့
Time  Management ကို လုပ်ဆောင်ရပါမယ်။

ဘ၀ရေအလျင်




ဘ၀ဟူသည် တိမ်လှိုင်းပမာ
မရေရာတည်း..
သိမြင်တွေ့ထိ ခံစားသိမှု
ပြုမိသမျှ အရာရာတွင်
မော့လျော့ပေါ့ပါး မော်မကြွားနှင့်
ကောင်းရာကောင်းတု ကောင်းမှုပြု၍
ကောင်းကျိုးမြင့်မိုရ် စွဲတည်လိုသား..
နိုးကြားသတိ အစဉ်ရှိ၍
ဓမ္မအသိ ဥာဏ်နှင့်ညှိပါ
မခန်းမခြောက် စမ်းပေါက်ပမာ
လွှမ်းခြုံစီးဆင်း မြစ်မင်းပမာ
မေတ္တာရေစု သီလာထုသို့
မချွတ်မယွင်း မြဲစေမင်း..။
~
✍ နန္ဒ

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>